Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ဝါးခယ်မမြို့နယ်တွင် ရက် (၁၀၀) စီမံချက်ဖြင့် မိုးစပါးစိုက်ပျိုးမည့် သမဝါယမအသင်းသား တောင်သူများအား ဓာတ်မြေဩဇာပေးအပ်


18 Jun,2026

ဝါးခယ်မ ဇွန် ၁

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်တွင် သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေး ဝန်ကြီးဌာန၊ မြို့နယ်သမဝါယမဦးစီးဌာနက နိုင်ငံတော်၏ရက် (၁၀၀) စီမံချက်ဖြင့် ဝါးခယ်မမြို့နယ် အတွင်းရှိ မိုးစပါးစိုက်ပျိုးမည့် အသင်းသားတောင်သူများအား ဓာတ်မြေဩဇာပေးအပ်ပွဲကို မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနခန်းမ၌ ကျင်းပခဲ့သည်။

အဆိုပါပေးအပ်ပွဲတွင် မြို့နယ်စိုက်ပျိုးရေးဦးစီးမှူးမှ အမှာစကားပြောကြားခဲ့ပြီး မြို့နယ် သမဝါယမဦးစီးဌာနမှ ဦးစီးအရာရှိဒေါ်တူးတူးလွင်က သွင်းအားစုပေးအပ်ရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက်တာဝန်ရှိသူများက အသင်းသားတောင်သူ (၆၀) ဦး၏ စိုက်ဧက (၁၅၄)ဧက အတွက် ငွေကျပ် (၃၃၀) သိန်း တန်ဖိုးရှိ ပုလဲဓာတ်မြေဩဇာ (၃၀၀) အိတ်အား ပေးအပ်ခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)

ဧရာဝတီတိုင်းဒေသကြီး


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်