Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ပဲခူးမြို့နယ်အတွင်း ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းများဆောင်ရွက်မည့်အခြေအနေကို ကွင်းဆင်းစစ်ဆေး


18 Jun,2026

ပဲခူး ဇွန် ၁၆

        ပဲခူးတိုင်းဒေသကြီး ပဲခူးမြို့နယ်အတွင်း ယခုဘဏ္ဍာနှစ် တိုင်းဒေသကြီး ငွေလုံးငွေရင်းရန်ပုံငွေဖြင့် ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းများ ဆောင်ရွက်မည့် အခြေအနေကို ဇွန်လ ၁၅ ရက်က တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေးကြသည်။

       ရှေးဦးစွာ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန (ရုံးချုပ်)မှ အင်ဂျင်နီယာချုပ် ဦးထွန်းဝေနှင့်တာဝန်ရှိသူများက ပဲခူးမြို့နယ် အောက်စီတီးအနောက်လမ်း ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်း ဆောင်ရွက်မည့်အခြေအနေကို ကွင်းဆင်းစစ်ဆေးရာ ပဲခူးခရိုင် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး (မြို့ပြ)နှင့် မြို့နယ်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန ဦးစီးအရာရှိ(မြို့ပြ)တို့က လက်ရှိမြေပြင်အခြေအနေများကို လိုက်လံရှင်းလင်းပြသခဲ့ကြောင်း၊ ဆက်လက်၍ အင်ဂျင်နီယာချုပ်ဦးထွန်းဝေက လမ်းလုပ်ငန်းဆောင်ရွက်ရာတွင် သတ်မှတ်ထားသော စံချိန်စံညွှန်းများနှင့်အညီ ဆောင်ရွက်ပေးရန် မှာကြားခဲ့ကြောင်း သိရသည်။

     အဆိုပါ အောက်စီတီးအနောက်လမ်း ကွန်ကရစ်လမ်းခင်းခြင်းကို ယခုဘဏ္ဍာနှစ် တိုင်းဒေသကြီး ငွေလုံးငွေရင်းရန်ပုံငွေဖြင့် ပဲခူးမြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ တာဝန်ယူဆောင်ရွက်မည်ဖြစ်ပြီး လုပ်ငန်းများဆောင်ရွက်ပြီးစီးပါက ကျေးရွာများမှထွက်ရှိသော စိုက်ပျိုးရေးထုတ်ကုန်များကို ဈေးကွက်သို့ ကုန်ကျစရိတ်သက်သာစွာ တင်ပို့ရောင်းချနိုင်မည်ဖြစ်ကြောင်း သိရသည်။

(၄၁၀)


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်