ပုသိမ် ဇွန် ၁၈
ဧရာဝတီတိုင်းဒေကြီး၊ ပုသိမ်မြို့ သမဝါယမစာရင်းရေးစာရင်းကိုင်သက်မွေးပညာ သင်တန်းကျောင်း(ပုသိမ်)တွင် ၂၀၂၆-၂၀၂၇ ပညာသင်နှစ် လက်မှတ်ရစီးပွားရေးစာရင်းကိုင်ပညာ သင်တန်းဖွင့်ပွဲအခမ်းအနားကို ကျင်းပခဲ့သည်။
ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအေးကျော်က ယနေ့ဖွင့်လှစ်သည့် လက်မှတ်ရစီးပွားရေး စာရင်းကိုင် ပညာသင်တန်းကို ပညာဆက်လက်သင်ယူရန် အခက်အခဲရှိသူများအတွက် စာရင်းရေး၊ စာရင်းကိုင်ပညာဖြင့် အသက်မွေးဝမ်းကျောင်းပြုနိုင်စေရန်နှင့် သင်တန်းသား/သင်တန်းသူများ အနက် ထူးချွန်သူများကို ရွေးချယ်၍ သမဝါယမကောလိပ်များနှင့် သမဝါယမနှင့်စီမံခန့်ခွဲမှုပညာ တက္ကသိုလ်များသို့ ပေါင်းကူး၍ ပညာဆက်လက်သင်ယူနိုင်သည့် အခွင့်အလမ်းများ ဖန်တီး ပေးရန် စသည့်ရည်ရွယ်ချက်များဖြင့် ဖွင့်လှစ်ရခြင်းဖြစ်ပါကြောင်း၊ လုပ်ငန်းခွင်တွင် အသင့်ဖြစ်စေမည့် သင်ရိုးညွှန်းတမ်းများ အသုံးပြု၍သင်ကြားပို့ချပေးမည် ဖြစ်သည့်အတွက် အစိုးရအဖွဲ့အစည်းများ၊ အဖွဲ့အစည်းများ၊ ပြင်ပပုဂ္ဂလိကအသင်းအဖွဲ့များ၊ လုပ်ငန်းများနှင့် ကုမ္ပဏီများတွင် လုပ်ကိုင်နိုင်ရန် အခွင့်အလမ်းကောင်းများစွာ ရရှိနိုင်မည်ဖြစ်ကြောင်းနှင့် ကိုယ်ပိုင်လုပ်ငန်း လုပ်ကိုင်ရာတွင်လည်း များစွာအထောက်အကူ ရရှိစေမည်ဖြစ်ပါကြောင်း ပြောကြားသည်။
ထို့နောက် သမဝါယမစာရင်းရေး စာရင်းကိုင်သက်မွေးပညာသင်တန်းကျောင်း(ပုသိမ်) ကျောင်းအုပ်ကြီးက လက်မှတ်ရစီးပွားရေးစာရင်းကိုင်ပညာသင်တန်း ဖွင့်လှစ်ရန် ဆောင်ရွက် ထားရှိမှုအခြေအနေများကို ရှင်းလင်းတင်ပြသည်။ ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်က ဘာသာစုံဂုဏ်ထူး ရရှိသူများအား ဂုဏ်ပြုဆုများနှင့် သင်တန်းသား၊ သင်တန်းသူများအား ပြဋ္ဌာန်းစာအုပ်များကိုလည်းကောင်း၊ တိုင်းဒေသကြီးစိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်း ဝန်ကြီးက ဘာသာစုံဂုဏ်ထူးရရှိများအား ဂုဏ်ပြုဆုများနှင့် သင်တန်းသား၊ သင်တန်းသူများအား ဖျာ၊ ခြင်ထောင်များကိုလည်းကောင်း၊ တိုင်းဒေသကြီး သမဝါယမအသင်းစုချုပ်လီမိတက် ဥက္ကဋ္ဌက သင်တန်းသား၊ သင်တန်းသူများ စားသောက်စရိတ်အတွက် ထောက်ပံ့ငွေများကိုလည်းကောင်း ပေးအပ်သည်။
လှမင်းထွဋ်(ပြန်/ဆက်)
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်