တိုက်ကြီးမြို့နယ် အင်းယက်ကြီးကျေးရွာ၌ တနိုင်တပိုင်စီးပွားရေးလုပ်ငန်းများ ဆောင်ရွက်နေမှု စစ်ဆေး
************************************************************************
တိုက်ကြီး ဇွန် ၁၉
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးခရိုင် ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက တိုက်ကြီးမြို့နယ်၊ အင်းယက်ကြီးကျေးရွာ၌ မြစိမ်းရောင်စီမံကိန်း ဖြင့် တနိုင်တပိုင်စီးပွားရေးလုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေကို တာဝန်ရှိသူများက ယနေ့နံနက် ပိုင်းက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်းသိရသည်။
ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် တိုက်ကြီးခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးလှမျိုးအောင် နှင့် တိုက်ကြီးမြို့နယ်မှ စီမံကိန်းတာဝန်ခံဝန်ထမ်းများသည် မြစိမ်းရောင် ကျေးရွာစီမံကိန်းလုပ်ငန်းအဖွဲ့ဝင်များနှင့်အတူ အင်းယက်ကြီးကျေးရွာ၌ မြစိမ်းရောင်ကျေးရွာစီမံကိန်း အရင်းမပျောက်လည်ပတ်ရန်ပုံငွေများဖြင့် တနိုင်တပိုင် စိုက်ပျိုးရေးလုပ်ငန်း၊ မွေးမြူရေးလုပ်ငန်း၊ အရောင်းအဝယ်လုပ်ငန်းနှင့် အသက်မွေးဝမ်းကျောင်းလုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေများနှင့် စီမံကိန်းဆိုင်ရာ စာရင်းဇယားများ ဆောင်ရွက်ထားရှိမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး ခရိုင်ဦးစီးမှူးက စီမံကိန်းအသင်းဝင် ကျေးရွာသူကျေးရွာသားများနှင့်တွေ့ဆုံ၌ တနိုင်တပိုင် စီးပွားရေး လုပ်ငန်းများ ပိုမိုတိုးချဲ့လုပ်ကိုင်နိုင်ရေး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
တိုက်ကြီးမြို့နယ်၊ အင်းယက်ကြီးကျေးရွာ၌ မြစိမ်းရောင်ကျေးရွာစီမံကိန်းဖြင့် စိုက်ပျိုးရေးလုပ်ငန်း လုပ်ကိုင်သူ ၅၉ ဦးကို ငွေကျပ် ၂၄ ဒသမ ၆ သန်း၊ မွေးမြူရေးလုပ်ငန်းလုပ်ကိုင်သူ ၆ ဦးကို ငွေကျပ် ၂ ဒသမ ၈ သန်း၊ အရောင်းအဝယ်လုပ်ငန်း လုပ်ကိုင်သူ ၁၂ ဦးကို ငွေကျပ် ၄ ဒသမ ၉ သန်း၊ အသက်မွေး ဝမ်းကျောင်းလုပ်ငန်း လုပ်ကိုင်သူ ၂ ဦးကို ငွေကျပ် ၁ ဒသမ ၂ သန်း၊ စုစုပေါင်းစီမံကိန်းအသင်းဝင် ၇၉ ဦးကို ငွေကျပ် ၃၃ ဒသမ ၅ သန်းအား အတိုးနှုန်း သက်သာစွာဖြင့် ထုတ်ချေးပေးထားသည့်အတွက် အဆိုပါချေးငွေများဖြင့် တနိုင်တပိုင် စီးပွားရေးလုပ်ငန်းများ အဆင်ပြေစွာ လည်ပတ်ဆောင်ရွက်လျက် ရှိကြောင်း တိုက်ကြီးခရိုင် ကျေးလက်ဒေသဖွံ့ ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်