Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ကျိုင်းတုံမြို့နယ်တွင် (၁၀၄) ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာသမဝါယမနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မိုးစပါးစိုက်ပျိုးသည့် သမဝါယမအသင်းသားများအား သွင်းအားစုများပေးအပ်


18 Jun,2026

ကျိုင်းတုံ ဇွန် ၁၈

(၁၀၄) ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ သမဝါယမနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကျိုင်းတုံမြို့နယ်သမဝါယမဦးစီးဌာနမှ ၂၀၂၆-၂၀၂၇ ခုနှစ်တွင် မိုးစပါးစိုက်ပျိုးသည့် သမဝါယမ အသင်းသား တောင်သူများအား သွင်းအားစုများ ပေးအပ်ပွဲကို မိုင်းလန်းကျေးရွာအုပ်စုရှိ အသင်းသားများ၏ စိုက်ကွင်းတွင် ကျင်းပသည်။

ထိုသို့ ပေးအပ်ရာတွင် ကျိုင်းတုံမြို့နယ်သမဝါယမဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်မေနှင်းအေးနှင့် တာဝန်ရှိသူများက တောင်သူများအနေဖြင့် မိုးစပါးစိုက်ပျိုးရာတွင် စနစ်ကျသော စိုက်ပျိုးရေးစနစ်ဖြစ်စေရန်နှင့် ပန်းတိုင်အထွက်နှုန်းပြည့်မီစေရေး အမှာစကား ပြောကြားပြီး မြို့နယ်သမဝါယမဦးစီးဌာနမှ ရက် (၁၀၀) စီမံချက်အတွင်း မိုင်းလန်းကျေးရွာအုပ်စုရှိ ပုလဲရတနာ စိုက်ပျိုးထုတ်လုပ်ရေး သမဝါယမအသင်းမှ အသင်းသားများအတွက် မြို့နယ်သမဝါယမ အသင်းစုမှ စိုက်ဧက ၁၇၆ ဧကအတွက် သွင်းအားစု ငွေကျပ် သိန်း ၄၄၀ နှင့် လူမှုစီးပွားမြှင့်တင်ရေး (သက်တန့်ရောင်) စီမံကိန်းမှ စိုက်ဧက ၆၅ ဧကအတွက် ငွေကျပ်သိန်း ၁၈၇ ဒဿမ ၂၊ စုစုပေါင်း ဧက ၂၄၁ ဧကအတွက် ငွေကျပ်သိန်း ၆၂၇ ဒဿမ ၂ သိန်းနှင့် ညီမျှသောသွင်းအားစုများကို အသင်းသားများ၏ စိုက်ကွင်းများလက်ဝယ်အရောက် ပေးအပ်ခဲ့ကြောင်း သိရသည်။

အောင်ဇင်မြင့် (ပြန်/ဆက်)

ရှမ်းပြည်နယ်


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်