တာချီလိတ် ဇွန် ၁၈
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ် မြို့နယ်သမဝါယမဦးစီးဌာနမှ မိုးစပါးစိုက်ပျိုးလျက်ရှိသည့် သမဝါယမအသင်းသားတောင်သူများ အား တာဝန်ရှိသူများက သွင်းအားစု ထောက်ပံ့ပေးအပ်သည့် အခမ်းအနားကို မြို့နယ်သမဝါယမ ဦးစီးဌာနရုံးတွင် ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ တာချီလိတ်မြို့နယ်သမဝါယမဦးစီးဌာန မြို့နယ်ဦးစီးအရာရှိ ဒေါ်စီလေးက မိုးစပါးစိုက်ပျိုးရာတွင် စနစ်ကျသော စိုက်ပျိုးရေးစနစ်ဖြစ်စေရန်နှင့် သွင်းအားစုများ စနစ်တကျ သတ်မှတ်ရက်အတိုင်း အချိန်ကိုက် ကျွေးရန်လိုအပ်ပြီး ပန်းတိုင်အထွက်နှုန်းပြည့်မီစေရေး အမှာစကားပြောကြားခဲ့ပြီး မြို့နယ်သမဝါယမအသင်းစုမှ ဥက္ကဌနှင့် တာဝန်ရှိသူများ၊ မိုးစပါးစိုက်ပျိုးလျက်ရှိသည့် သမဝါယမအသင်း ၃ သင်းမှ မိုးစပါးစိုက်ဧက (၃၀၀)အတွက် ကျပ်သိန်း (၇၀၀)နှင့်ညီမျှသော သွင်းအားစုများအား သမဝါယမအသင်းသားတောင်သူများသို့ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရှိရသည်။
ဝိုးတောင်း
ရှမ်းပြည်နယ်
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်