Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

စစ်တောကုန်း-ရွာသစ်-(တောင်တွင်းကြီး-မြို့သစ်-နတ်မောက်)လမ်းပေါ်၌ Box Culvert သုံးစင်း တည်ဆောက်နေမှုစစ်ဆေး


19 Jun,2026

မြို့သစ် ဇွန် ၁၈

         သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန မကွေးတိုင်းဒေသကြီး မြို့သစ်မြို့နယ်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနသည် ရက် ၁၀၀ စီမံချက်ဖြင့် စစ်တောကုန်း- ရွာသစ်-(တောင်တွင်းကြီး-မြို့သစ်-နတ်မောက်)လမ်းပေါ်၌ ကျောက်ကြီးစီကမ်းကပ်ခုံနှင့် သံကူကွန်ကရစ်ကြမ်းခင်း Box Culvert သုံးစင်း တည်ဆောက်နေမှု အခြေအနေများကို ဇွန်လ ၁၈ ရက် နံနက်ပိုင်းတွင် တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးသည်။

         ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် မကွေးတိုင်းဒေသကြီး ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးဝင်းမိုးထိုက်၊ မကွေးခရိုင်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး(မြို့ပြ) ဦးသိန်းထွန်းဦး၊ မြို့သစ်မြို့နယ်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန မြို့နယ်တာဝန်ခံအင်ဂျင်နီယာ(မြို့ပြ) ဒေါ်လဲ့လဲ့ခိုင်နှင့် တာဝန်ရှိသူများက အဆိုပါလမ်းပေါ်၌ ကျောက်ကြီးစီကမ်းကပ်ခုံနှင့် သံကူကွန်ကရစ်ကြမ်းခင်း Box Culvert သုံးစင်း တည်ဆောက်နေမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးသည်။

        အဆိုပါ စစ်တောကုန်း- ရွာသစ်-(တောင်တွင်း ကြီး-မြို့သစ်-နတ်မောက်)လမ်းပေါ်၌ ကျောက်ကြီးစီကမ်းကပ်ခုံနှင့် အရှည် ၅ ပေ၊ အကျယ် ၂၄ ပေ၊ အမြင့် ၅ ပေရှိသည့် သံကူကွန်ကရစ်ကြမ်းခင်း Box Culvert သုံးစင်း တည်ဆောက်ခြင်းလုပ်ငန်းကို ယခုဘဏ္ဍာနှစ်တွင် ပြည်ထောင်စု(ငွေလုံးငွေရင်း) ရန်ပုံငွေကျပ် ၅၇ သန်းဖြင့် မြို့နယ်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနက စတင်ဆောင်ရွက်ရာ ယခုအခါ လုပ်ငန်းများအားလုံး ၉၀ ရာခိုင်နှုန်းပြီးစီးပြီဖြစ်ကြောင်း သိရသည်။

နော်လူး


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်