Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

(၁၀၄) ကြိမ်မြောက်၊ အပြည်ပြည်ဆိုင်ရာသမဝါယမနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မျိုးနှင့် သွင်းအားစုများပေးအပ်


19 Jun,2026

ရမည်းသင်း ဇွန် ၁၉

သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ရမည်းသင်းမြို့နယ်သမဝါယမဦးစီးဌာနမှ (၁၀၄)ကြိမ်မြောက်၊ အပြည်ပြည်ဆိုင်ရာသမဝါယမနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် လူမှုစီးပွား မြှင့်တင်ရေး(သက်တန့်ရောင်)စီမံကိန်းလုပ်ငန်းဆောင်ရွက်သော ရမည်းသင်းမြို့နယ်အတွင်း အခြေခံသမဝါယမအသင်း ၇ သင်းရှိ အသင်းသားဦးရေ ၂၀၁ ဦး၏ မိုးစပါး စိုက်ပျိုးဧက ၁၅၀ အတွက် ငွေကျပ် ၄၃.၂၀ သန်းနှင့် မိုးဝါစိုက်ပျိုးဧက ၂၈၆ ဧကအတွက် ငွေကျပ် ၆၇.၄၉၆ သန်း၊ စုစုပေါင်းတန်ဖိုး ငွေကျပ် ၁၁၀.၆၉၆ သန်းနှင့်ညီမျှသော မျိုးနှင့် သွင်းအားစု ပေးအပ်ပွဲကို ရမည်းသင်းမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ သင်းရတနာ ခန်းမ၌ ကျင်းပခဲ့သည်။

အဆိုပါ အခမ်းအနားသို့ ခရိုင်စီမံခန့်ခွဲရေး နှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဌ၊ မြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဌ၊   မြို့နယ်သမဝါယမဦးစီးဌာန၊ ဦးစီးအရာရှိနှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်၍ မျိုးနှင့်သွင်းအားစုများ ပေးအပ်ခဲ့ ကြောင်း သိရသည်။


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်