Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ညောင်ရွှေ၌ မိုးစပါးစိုက် သမအသင်းသားများသို့ မျိုးသွင်းအားစုပေးအပ်


19 Jun,2026

ညောင်ရွှေ ဇွန် ၁၉

ရှမ်းပြည်နယ်(တောင်ပိုင်း) ညောင်ရွှေမြို့နယ် ကြည်းထက်ကျေးရွာ မြပုလဲစိုက်ပျိုးရေးနှင့် အထွေထွေလုပ်ငန်းသမဝါယမအသင်းလီမိတက်၏ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ် နှစ်ပတ်လည် အရပ်ရပ်ဆိုင်ရာအစည်းအဝေးကို ကြည်းထက်ကျေးရွာ စာကြည့်တိုက်၌ ကျင်းပသည်။

ရှေးဦးစွာ မြပုလဲစိုက်ပျိုးရေးနှင့်အထွေထွေလုပ်ငန်း သမဝါယမအသင်းဥက္ကဋ္ဌနှင့် မြို့နယ်သမဝါယမဦးစီးဌာန ဦးစီးအရာရှိ ဦးမျိုးမြင့်ထွန်းတို့က အမှာစကားပြောကြားသည်။ ဆက်လက်၍ အသင်း၏နှစ်ချုပ်ဘဏ္ဍာရေးရှင်းတမ်းများဖတ်ကြားခြင်း၊ ရှေ့လုပ်ငန်းစဉ်များ ချမှတ်ခြင်း၊ အသင်းစည်းကမ်းပြင်ဆင်ခြင်းတို့အား အတည်ပြုချက်ရယူကာ မိုးစပါးစိုက် သမဝါယမအသင်းသား​များသို့ မျိုးနှင့်သွင်းအားစုများ ပေးအပ်ခဲ့ကြောင်း သိရသည်။

မြို့နယ် ပြန်/ဆက်

ရှမ်းပြည်နယ်


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်