Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(သန်လျင်) တွင် “Beauty, Business and Balance”အသိပညာပေးဟောပြောပွဲ ကျင်းပ


19 Jun,2026

သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ် (သန်လျင်)နှင့် Medi-Biotech Company Limitedတို့ ပူးပေါင်း၍ Special Talk on “Beauty, Business and Balance” (အလှအပနှင့်စီးပွားရေးဟန်ချက်ညီခြင်း၏အနှစ်သာရ) အသိပညာပေး ဟောပြောပွဲအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီတွင် ဘက်စုံသုံးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါအခမ်းအနားသို့ သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(သန်လျင်)၊ ပါမောက္ခချုပ် ဒေါက်တာရီရီဝင်း၊ ဒုတိယပါမောက္ခချုပ်(သင်ကြား)၊ သင်ကြား/စီမံဌာနများမှ ပါမောက္ခ/ဌာနမှူး များ၊ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ(၅၀၀)ကျော်နှင့် Medi-Biotech Company Limited မှ Managing Director ဒေါက်တာဝင်းသိန်းနှင့်ဇနီး၊ Top Rater Training and Promotional Services မှ Managing Director & Chief Trainer ဒေါက်တာ ကျော်ကိုကိုဝင်း၊ DermaSuri skincare Founder နှင့် Laser Care Clinic၏ Founding Member ဒေါက်တာစုဝတ်ရည် (Dr.Suri) တို့ တက်ရောက်ခဲ့ကြပါသည်။ အခမ်းအနားတွင် ပါမောက္ခချုပ် ဒေါက်တာရီရီဝင်းက အဖွင့်အမှာစကားပြောကြားရာတွင် Medi-Biotech Company Limited မှ Managing Director ဒေါက်တာဝင်းသိန်း၏ စီစဉ်ဆောင်ရွက်ပေးမှုဖြင့်  ကျန်းမာရေးအသိပညာပေး အစီအစဉ် ကျင်းပပြုလုပ်နိုင်သည့်အတွက် ကျေးဇူးတင်ရှိပါကြောင်း၊ မိမိတို့တက္ကသိုလ်သည် စာသင်ခန်းတွင်း ဘာသာရပ်ဆိုင်ရာများသင်ကြားရုံသာမက စွန့်ဦးတီထွင်မှုများအတွက် အရေးပါသော Extra Curriculum Activities များကိုလည်း ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ တက္ကသိုလ် အနေဖြင့် ကျောင်းသား၊ ကျောင်းသူများအား ပညာသင်ကြားပေးရုံသာမက လူသားတန်ဖိုးများ ဖွံ့ဖြိုးတိုးတက်စေရန်၊ အနာဂတ်ခေါင်းဆောင်ကောင်းများ မွေးထုတ်ပေးရန်၊ လူမှုအသိုက်အဝန်း အတွက် အကျိုးပြုနိုင်သော နိုင်ငံ့သားကောင်းများ ပေါ်ထွန်းလာစေရန် ကြိုးပမ်းဆောင်ရွက်လျက် ရှိပါကြောင်း၊ ယနေ့အသိပညာ‌ပေးဟော‌ပြောပွဲ အစီအစဉ်မှ ကျောင်းသား၊ ကျောင်းသူများအားလုံး Beauty ၏ စစ်မှန်သောအဓိပ္ပာယ်၊ Business၏ တန်ဖိုးဖန်တီးနိုင်မှုနှင့် Balance၏ အရေးပါမှုတို့ကို ပိုမိုနားလည်သဘောပေါက်လာမည်ဟု ယုံကြည်ပါကြောင်း ပြောကြားခဲ့ပါသည်။ ဆက်လက်၍ Medi-Biotech Company Limited မှ Managing Director ဒေါက်တာဝင်းသိန်းက အသိပညာပေးဟောပြောပွဲစီစဉ်ဆောင်ရွက်ရခြင်းနှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားခဲ့ပြီး Top Rater Training and Promotional Services မှ Managing Director & Chief Trainer ဒေါက်တာကျော်ကိုကိုဝင်းက “Unlocking the Entrepreneur in You” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ DermaSuri skincare Founderနှင့် Laser Care Clinic၏ Founding Member ဒေါက်တာစုဝတ်ရည်က “The Hormonal Essence of Beauty” ခေါင်းစဉ်ဖြင့် လည်းကောင်း ဆွေးနွေးဟောပြောခဲ့ကြပါသည်။ ဆက်လက်၍ ကျောင်းသား၊ ကျောင်းသူများက သိရှိလိုသည် များကို မေးမြန်းဆွေးနွေးခဲ့ကြပြီး ပါမောက္ခချုပ်က ဆရာဒေါက်တာကျော်ကိုကိုဝင်းနှင့် ဆရာမဒေါက်တာစုဝတ်ရည်တို့အား အမှတ်တရလက်ဆောင်ပစ္စည်းများ ပေးအပ်ကာ စုပေါင်း မှတ်တမ်းတင်ဓာတ်ပုံ ရိုက်ကူးခဲ့ကြပါသည်။ ၎င်းနောက် အခမ်းအနားသို့ တက်ရောက်သည့် ဆရာ၊ ဆရာမများ၊ ဝန်ထမ်းများနှင့် ကျောင်းသား၊ ကျောင်းသူများအား ကံစမ်းမဲ (E- Lucky Draw) ဖောက်ပေးခဲ့ကြောင်း သတင်းရရှိပါသည်။

 


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်