မကွေးမြို့နယ် ယင်းသာစည်(အနောက်)ကျေးရွာ၌ RBF စီမံကိန်းရန်ပုံငွေ ထုတ်ချေး
************************************************************************
မကွေး ဇွန် ၁၉
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မကွေးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက စိုက်ပျိုးမွေးမြူထုတ်လုပ်သူများ၊ အငယ်စား၊ အလတ်စားနှင့် အသေးစားစီးပွားရေးလုပ်ငန်း လုပ်ကိုင်သူများအတွက် လိုအပ်သောငွေကြေးအရင်းအနှီးရရှိစေရန်၊ အဆိုပါလုပ်ငန်းများကို အစုအဖွဲ့ စနစ်ဖြင့် လုပ်ကိုင်တတ်စေရန် ရည်ရွယ်၍ ယင်းသာစည်(အနောက်)ကျေးရွာ၌ ကျေးလက်စီးပွား မြင့်မားရေး ရန်ပုံငွေထူထောင်ခြင်းလုပ်ငန်း(RBF)စီမံကိန်းရန်ပုံငွေ ထုတ်ချေးပေးခြင်းကို ယနေ့နံနက် ပိုင်းက အဆိုပါကျေးရွာ ဓမ္မာရုံ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မကွေးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ဝေမာမာအောင် က ကျေးလက်စီးပွားမြင့်မားရေးရန်ပုံငွေထူထောင်ခြင်းလုပ်ငန်း(RBF)စီမံကိန်းရန်ပုံငွေ ထုတ်ချေးပေး ရခြင်း၏ ရည်ရွယ်ချက်များ၊ အကျိုးကျေးဇူးများ၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဥပဒေ၊ နည်းဥပဒေပါ ကျေးလက်နေပြည်သူများ၏ တာဝန်နှင့် ရပိုင်ခွင့်များကို ရှင်းလင်းပြောကြားသည်။
ဆက်လက်၍ စီမံကိန်းတာဝန်ခံဝန်ထမ်းက ချေးငွေထုတ်ချေးရာတွင် လိုက်နာရန် စည်းကမ်းသတ်မှတ် ချက်များကို ရှင်းလင်းပြောကြားပြီး ဦးစီးအရာရှိက စီမံကိန်းရန်ပုံငွေကျပ်သိန်းသုံးရာကို ယင်းသာစည်(န)ကျေးရွာ RBF စီမံကိန်းလုပ်ငန်းအဖွဲ့ထံသို့ လွှဲပြောင်းပေးအပ်ခဲ့သည်။
ထို့နောက် ယင်းသာစည်(န)ကျေးရွာ (RBF) စီမံကိန်းလုပ်ငန်းအဖွဲ့ဝင်များက (RBF) စီမံကိန်းရန်ပုံငွေများ ဖြင့် နွားမွေးမြူရေးလုပ်ငန်း ဆောင်ရွက်မည့် အစုအဖွဲ့ ၄ ဖွဲ့အား တစ်ဖွဲ့လျှင် ရန်ပုံငွေကျပ် ၇၅ သိန်းစီကို လက်ဝယ်အရောက် စနစ်တကျ လွှဲပြောင်းပေးအပ်ခဲ့ကြောင်း မကွေးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနမှ သိရသည်။
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်