တောင်တွင်းကြီးမြို့နယ် ရေဦးကျေးရွာ၌ အခြေခံစက်ချုပ်သင်တန်းဆင်းပွဲကျင်းပ
တောင်တွင်းကြီး၊ဇွန်လ ၁၉
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊မကွေးတိုင်းဒေသကြီး၊မကွေးခရိုင်၊တောင်တွင်းကြီးမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကျေးလက်နေအမျိုးသမီးများအလုပ်အကိုင်အခွင့်အလမ်းရရှိစေရန်နှင့် မိသားစုဝင်ငွေများတိုးပွားစေရန်ရည်ရွယ်၍ အသက်မွေးဝမ်း ကျောင်းအထောက်အကူပြု အခြေခံစက်ချုပ်သင်တန်းဆင်းပွဲအခမ်းအနားကို ဇွန်လ ၁၈ရက်နံနက်ပိုင်း က ရေဦးကျေးရွာ အုပ်စု၊ ရေဦးကျေးရွာ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ တောင်တွင်းကြီးမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌဦးကျော်ဇင်ဦးက သင်တန်းဆင်းအမှာစကားပြောကြားသည်။ဆက်လက်၍ တောင်တွင်းကြီးမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမြို့နယ်ဦးစီးမှူး ဦးထွန်းကျော်ကျော်မျိုးက သင်တန်းသူများအနေဖြင့်သင်တန်းက သင်ကြားပေးသောအတတ်ပညာများကို စဉ်ဆက်မပြတ်ဆက်လက်လေ့လာပြီး လက်တွေ့နယ်ပယ်တွင်အကျိုးရှိရှိအသုံးပြုကာ မိသားစုဝင်ငွေတိုးပွားရေးလုပ်ငန်းများကို တစ်ဖက်တစ်လမ်းမှ ဆောင်ရွက်ကြစေလိုကြောင်း ဆွေးနွေးပြောကြားသည်။
ထို့နောက် တက်ရောက်လာကြသောတောင်တွင်းကြီးမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌဦးကျော်ဇင်ဦးနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများက သင်တန်းသူများအား သင်တန်းထူးချွန်ဆုနှင့် သင်တန်းဆင်းလက်မှတ်များ ပေးအပ်ခဲ့ကြောင်း သိရသည်။အဆိုပါ အသက်မွေးဝမ်းကျောင်းအထောက်အကူပြု အခြေခံစက်ချုပ်သင်တန်းသို့ တောင်တွင်းကြီးမြို့နယ် ရေဦးကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာများမှသင်တန်းသူဦးရေ ၂၀ဦး တက်ရောက်ခဲ့ကြပြီး သင်တန်းတွင် အခြေခံစက်ချုပ်နည်းအမျိုးမျိုး၊အမျိုးသမီးဝတ်၊အမျိုးသားဝတ်အင်္ကျီချုပ်ပုံအမျိုးမျိုး၊ကလေးဝတ်အင်္ကျီ၊ကလေးဝတ်ဘောင်းဘီနှင့်ကလေးဝတ်ဂါဝန်ချုပ်ပုံအမျိုးမျိုးတို့ကို ကျွမ်းကျင်ဆရာမများက စာတွေ့၊လက်တွေ့ ဖြင့်
မေလ ၅ရက်နေ့မှ ဇွန်လ ၁၈ ရက်နေ့ထိ သင်တန်းကာလ (၄၅)ရက်ကြာ အခမဲ့သင်ကြားပေးသွားမည်ဖြစ်ကြောင်းတောင်တွင်းကြီးမြို့နယ်ကျေးလက်ဒေသဖွံ့ ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်