Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ဇီးကုန်းမြို့နယ် ဇရပ်လှကျေးရွာ၌ မြစိမ်းရောင်ကျေးရွာစီမံကိန်းလုပ်ငန်းများစစ်ဆေး


22 Jun,2026

ဇီးကုန်းမြို့နယ် ဇရပ်လှကျေးရွာ၌ မြစိမ်းရောင်ကျေးရွာစီမံကိန်းလုပ်ငန်းများစစ်ဆေး
=================================
ဇီးကုန်း၊ ဇွန်-၂၂
 
     ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ဇီးကုန်း မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီး ဌာနမှ ဇရပ်လှကျေးရွာ၌ မြစိမ်းရောင်ကျေးရွာစီမံ ကိန်းအတိုးရရှိငွေမှသုံးစွဲခွင့်ရှိသောငွေဖြင့် ကျေး ရွာတွင်းလမ်း‌မြေနီကျောက်စရစ်ခင်းခြင်းလုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများကို တာဝန်ရှိသူ များမှ ဇွန်လ ၂၁ ရက်နေ့က ကွင်းဆင်းစစ်ဆေးကြကြောင်းသိရသည်။
     ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် ဇီးကုန်းမြို့ နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးပြည့်ဖြိုးအောင်နှင့် အင်ဂျင်နီ ယာဝန်ထမ်းများမှ ဇရပ်လှကျေးရွာ၌ ကျေးရွာတွင်းလမ်းမြေနီကျောက်စရစ်ခင်းခြင်းလုပ်ငန်း‌ ဆောင်ရွက်နေမှုအခြေအနေများကို ကြည့်ရှု့စစ် ဆေးကြပြီးနောက် မြို့နယ်ဦးစီးမှူးက ကျေးရွာတာဝန်ရှိသူများ၊ ကျေးရွာကော်မတီဝင်များကို သတ်မှတ်စံချိန်စံညွှန်းနှင့်အညီ အချိန်မီပြီးစီးရေး အလေးထားဆောင်ရွက်ကြရန် ဆွေးနွေးမှာကြားခဲ့ကြောင်းသိရသည်။
      ဇီးကုန်းမြို့နယ် ဇရပ်လှကျေးရွာ၌ အရှည် ၂၀၅၀ ပေ၊ အကျယ် ၁၂ ပေ၊ အမြင့် ၆ လက်မရှိသော ကျေးရွာတွင်းလမ်း‌မြေနီကျောက်စရစ်ခင်းခြင်းလုပ်ငန်းကို မြစိမ်းရောင်ကျေးရွာစီမံကိန်းအ တိုးရရှိငွေမှ သုံးစွဲခွင့်ရှိသောငွေကျပ် ၁၅ သန်းဖြင့် ဇီးကုန်းမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ အင်ဂျင်နီယာဝန်ထမ်းများ၏ နည်းပညာကူညီမှုဖြင့် ကျေးရွာသူ ကျေးရွာသားများကိုယ်တိုင် ယခုလ ၁၅ ရက်နေ့မှ စတင်အကောင်အ ထည်ဖော်ဆောင်ရွက်ခဲ့ရာ ယခုအခါ ၄၀ ရာခိုင်ရာနှုန်းကျော်ဆောင်ရွက်ပြီးစီးနေပြီဖြစ်ကြောင်း၊ အဆိုပါလုပ်ငန်းများအားလုံးရာနှုန်းပြည့်ဆောင် ရွက်ပြီးစီးပါက ဇရပ်လှကျေးရွာရှိ ကျေးရွာသူကျေးရွာသားများမှာ သွားလာရေးလွယ်ကူပြီးယ ခင်ကထက် လူမှုစီးပွားဘဝပိုမိုဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ကြောင်း ဇီးကုန်းမြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးပြည့်ဖြိုးအောင်ထံမှ သိရသည်။


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်