Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ဝမ်းတွင်းမြို့နယ် လိပ်တက်ကျေးရွာ၌ အသက်မွေးဝမ်း‌ကျောင်း အထောက်အကူပြု ယိုးဒယားကြိုးဖြင့် လူသုံးကုန်ထုတ်လုပ်နည်းသင်တန်းဆင်းပွဲကျင်းပ


22 Jun,2026

ဝမ်းတွင်းမြို့နယ် လိပ်တက်ကျေးရွာ၌ အသက်မွေးဝမ်း‌ကျောင်း အထောက်အကူပြု ယိုးဒယားကြိုးဖြင့် လူသုံးကုန်ထုတ်လုပ်နည်းသင်တန်းဆင်းပွဲကျင်းပ

*********************************************
ဝမ်းတွင်း ဇွန် ၂၂
           သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ ဝမ်းတွင်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကျေးလက်နေပြည်သူများ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်စေရန်ရည်ရွယ်၍ ယခု ဘဏ္ဍာနှစ်တွင် ရက်(၁၀၀)စီမံချက်ဖြင့် အသက်မွေးဝမ်းကျောင်းအထောက်အကူပြု ယိုးဒယားကြိုးဖြင့် လူသုံးကုန်ထုတ်လုပ်နည်းသင်တန်းဆင်းပွဲအခမ်းအနားကို ဇွန် ၂၀ရက် နံနက်ပိုင်းက ရေတွင်းကျေးရွာအုပ်စု၊ လိပ်တက်ကျေးရွာ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
         ရှေးဦးစွာ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းထွန်းဦးက သင်တန်းဆင်း အမှာစကားပြောကြားသည်။
       ဆက်လက်၍ မိတ္ထီလာခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးဝင်း‌ဇော်က ယိုးဒယားကြိုးဖြင့် လူသုံးကုန်ထုတ်လုပ်နည်းသင်တန်း ဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်များနှင့် သင်တန်းမှသင်ကြားပေးသော သင်ခန်းစာများကို လက် တွေ့နယ်ပယ်တွင် အကျိုးရှိစွာ အသုံးချပြီး တစ်ဖက်တစ်လမ်းမှ မိသားစုဝင်ငွေရရှိနိုင်သည်အထိ ဆောင်ရွက်သွားကြရန် မှာကြားပြီး သင်တန်းတွင် ထူးချွန်ဆုရရှိသည့် သင်တန်းသူများကို ဆုများအသီးသီးချီးမြှင့်ခဲ့သည်။
        ထို့နောက် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေး ကော်မတီဥက္ကဌ ဦးရဲမြင့်သိန်းက တက်ရောက်လာကြ‌သော သင်တန်းသူများထံ သင်တန်းဆင်းလက်မှတ်များ ပေးအပ်ခဲ့သည်။
       အဆိုပါသင်တန်းကို ‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌ လိပ်တက်ကျေးရွာမှ သင်တန်းသူ ၂၀ ဦးတက်‌ရောက်ကြပြီး ယိုးဒယားကြိုးဖြင့် လူသုံးကုန်ထုတ်လုပ်နည်းများကို ဇွန် ၁၁ရက်မှ ၂၀ရက်နေ့အထိ ၁၀ရက်ကြာ စာတွေ့လက်တွေ့ သင်ကြားပို့ချပေးခဲ့ကြောင်း သိရသည်။


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်