Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန၊ ၂၀၂၆ ခုနှစ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲကျင်းပ


22 Jun,2026

နေပြည်တော် ဇွန်  ၂၂

            သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန(ရုံးချုပ်) ဌာနခွဲ/အဖွဲ့နှင့် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ခရိုင်/မြို့နယ်များ စုပေါင်း၍  ၂၀၂၆ ခုနှစ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲအား ၂၂-၆-၂၀၂၆ ရက်နေ့ နံနက်ပိုင်းတွင် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရသီရိခရိုင်၊ ဇေယျာသီရိမြို့နယ်၊ ရွှေပေး-ရှားစေးဖိုကျေးရွာချင်းဆက်လမ်းပေါ်၌ ကျင်းပပြုလုပ်ကျင်းပပြုလုပ်ရာ အခမ်းအနားသို့ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ်(စီမံရေး) ဦးရဲခေါင်ထွန်းနှင့် အရာထမ်း/အမှုထမ်းများမှ စုပေါင်းသစ်ပင်စိုက်ပျိုးကြသည်။

             အဆိုပါ သစ်ပင်စိုက်ပျိုးပွဲတွင် သစ်ဖြူ(စစ်)ပင် (၁၀၀) ပင်၊ ကုက္ကိုပင် (၆၀) ပင်၊ ကျွန်းပင် (၁၄) ပင်၊ စိန်ပန်းပင် (၇၅) ပင်၊ ပိတောက်ပင် (၈၂)ပင်၊ မယ်ဇလီပင် (၇၄)ပင် ကံကော်ပင်(၃) ပင် နှင့် ခရေပင် (၅) ပင်၊ စုစုပေါင်းပျိုးပင် (၄၁၃)ပင်ကို စိုက်ပျိုးခဲ့ကြောင်းသိရသည်။


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်