Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ပုသိမ်ကြီးမြို့နယ်ရှိ ကျေးရွာချင်းဆက်လမ်းများတွင် Box Culvert ဆောက်လုပ်မှုများ ကွင်းဆင်းစစ်ဆေး


22 Jun,2026

ပုသိမ်ကြီး ဇွန် ၂ဝ

             မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ်၊ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ ၂၀၂၆-၂ဝ၂၇ ဘဏ္ဍာရေးနှစ် တိုင်းဒေသကြီး (ငွေလုံးငွေရင်း) ရန်ပုံငွေဖြင့် ပုသိမ်ကြီးမြို့မအစမှ ဇီးချိုကုန်း - ညောင်ပင်သာ-ဆင်ရွာကြီးကျေးရွာချင်းဆက်လမ်းပေါ်တွင် Box Culvert လုပ်ငန်းတည်ဆောက်မှုများကို ယနေ့နံနက်ပိုင်းက တာဝန်ရှိသူများ ကွင်းဆင်းကြည့်ရှု စစ်ဆေးကြသည်။

           အဆိုပါ ကျေးရွာချင်းဆက်လမ်းများတွင် Box Culvert အမှတ်(၁)တည်ဆောက်ခြင်းမှာ ၅ ပေ × ပေ ၂ဝ လုပ်ငန်းနှင့် Box Culvert အမှတ်(၂) တည်ဆောက်ခြင်းမှာ ၃ ပေ × ပေ ၂ဝ လုပ်ငန်းများအား အမရပူရခရိုင်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး(မြို့ပြ)ဦးသိန်းထွန်းဦးက ကွင်းဆင်းစစ်ဆေးခဲ့ပြီး ပုသိမ်ကြီးမြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန ဦးစီးအရာရှိ(မြို့ပြ) ဒေါ်မိုးခိုင်နှင့်အဖွဲ့က လုပ်ငန်းဆောင်ရွက်ပြီးစီးမှုနှင့် ဆက်လက် ဆောင်ရွက်မည့်လုပ်ငန်း များအား ရှင်းလင်းတင်ပြကြသည်။ ၄င်းလုပ်ငန်းများ ဆောင်ရွက်ပြီးစီးပါက ကျေးရွာခုနစ်ရွာ၊ အိမ်ခြေ ၂၅၉၄ အိမ်၊ လူဦးရေ ၁၁၂၀၁ ဦး တို့၏ လူမှု၊ စီးပွား၊ ၊ ဘဝ ဖွံ့ဖြိုး တိုးတက်မှုများစွာ အထောက်အကူပြုမည်ဖြစ်ကြောင်း သိရ သည်။

ဇာနည်ကိုကို(ပြန်/ဆက်)


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်