ဘဏ္ဍာရေးစည်းမျဉ်းနှင့် ငွေစာရင်းထိန်းသိန်းနည်းသင်တန်းဆင်းပွဲအခမ်းအနားကျင်းပ
နေပြည်တော် ဇွန် ၁၉
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ဘဏ္ဍာရေးစည်းမျဉ်းနှင့် ငွေစာရင်းထိန်းသိန်းနည်းသင်တန်း ဆင်းပွဲအခမ်းအနားကို ဇွန်လ ၁၉ ရက်နေ့ မွန်းလွဲ ၁၅:၀၀နာရီ အချိန်က နေပြည်တော်ရှိ ရုံးအမှတ်(၃၆-B) ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန(ရုံးချုပ်) ကွန်ပျူတာသင်တန်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် ခေတ္တညွှန်ကြားရေးမှူးချုပ် ဦးမျိုးနိုင်အောင်က အမှာစကား ပြောကြားသည်။
ဆက်လက်ပြီး ခေတ္တညွှန်ကြားရေးမှူးချုပ် ဦးမျိုးနိုင်အောင်က ဘဏ္ဍာရေးစည်းမျဉ်းနှင့် ငွေစာရင်း ထိန်းသိန်းနည်းသင်တန်း တက်ရောက်ကြသည့် သင်တန်းသား/သင်တန်းသူများအားသင်တန်းဆင်း လက်မှတ်များ ပေးအပ်ချီးမြှင့်ခဲ့ရာ သင်တန်းသားသင်တန်းသူများကိုယ်စား သင်တန်းသားတစ်ဦးနှင့် သင်တန်းသူတစ်ဦးတို့မှ လက်ခံရယူခဲ့ပါသည်။
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်