မြစိမ်းရောင်ကျေးရွာစီမံကိန်း အကောင်အထည်ဖော်ရေးမွမ်းမံသင်တန်းဆင်းပွဲအခမ်းအနားကျင်းပ
နေပြည်တော် ဇွန် ၁၉
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက မြစိမ်းရောင်ကျေးရွာစီမံကိန်း အကောင်အထည်ဖော်ရေးမွမ်းမံသင်တန်း ဆင်းပွဲအခမ်းအနားကို ဇွန်လ ၁၉ ရက်နေ့ မွန်းလွဲ ၁၅:၃၀နာရီ အချိန်က နေပြည်တော်ရှိ ရုံးအမှတ်(၃၆-B) ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန(ရုံးချုပ်)၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် ခေတ္တညွှန်ကြားရေးမှူးချုပ် ဦးမျိုးနိုင်အောင်က စီမံကိန်းရည်မှန်းချက်များ အောင်မြင် စေဖို့၊ အစိုးရသစ်ရဲ့ ပြုပြင်ပြောင်းလဲရေးမူဝါဒတွေ၊ ပြည်ထောင်စုဝန်ကြီးရဲ့ လမ်းညွှန်ချက် တွေနဲ့အညီ စီမံကိန်းကျေးရွာတွေမှာ သမဝါယစနစ်ကို မဏ္ဍိုင်ပြုပြီး စနစ်ကျသော စိုက်ပျိုးရေး၊ မွေးမြူရေး ထုတ်ကုန်များတိုးမြှင့်ထုတ်လုပ်နိုင်ရေး ကြိုးပမ်းဆောင်ရွက်သွားကြဖို့ ဝန်ကြီးဌာနအောက်ရှိ ဦးစီးဌာန အချင်းချင်းပေါင်းစပ်ဆောင်ရွက်ကြဖို့ မှာကြားလိုပါကြောင်း၊ သင်တန်းကာလ(၅)ရက်တာ ဆွေးနွေး ပို့ချပြီးဖြစ်တဲ့အတွက် မိမိတို့ဒေသသို့ ပြန်လည်ရောက်ရှိတဲ့အခါမှာ စီမံကိန်းကိုအတူတကွ အကောင်အထည်ဖော်မည့် လုပ်ဖော်ကိုင်ဖက်ဝန်ထမ်းများကို သင်တန်းက ရရှိခဲ့တဲ့အသိပညာ၊ ဗဟုသုတ တွေနဲ့ နည်းပညာများကို ပြန်လည်မျှဝေပေးကြဖို့ တိုက်တွန်းမှာကြားလိုပါကြောင်း၊ ကျေးရွာတွေ ရွေးချယ်ရာမှာ ပြည်ထောင်စုဝန်ကြီးရဲ့ လမ်းညွှန်ချက်နဲ့အညီ ၃မိုင်၊ ၅မိုင်၊ ၁၀မိုင်ဆိုတဲ့ မဟာဗျူဟာမြောက်တည်နေရာရွေးချယ်တာတွေ၊ အကောင်အထည်ဖော် ဆောင်ရွက်ရာမှာ ကျင့်သုံးရမယ့် မဟာဗျူဟာ၊ ပြည်သူကိုယ်တိုင်စီမံခန့်ခွဲသော ကျေးရွာဖွံ့ဖြိုးရေးအောင်မြင်စေဖို့၊ သင်တန်းသားသင်တန်းသူတွေအနေနဲ့ ကျေးလက်နေပြည်သူတွေနဲ့ အနီးကပ်ပြောဆိုဆက်ဆံရတာဖြစ်လို လူထုဆက်ဆံရေးကောင်းမွန်ဖို့စတာတွေ သိ ၃သိဆိုတဲ့ မူကို လက်ကိုင်ထားပြီး လက်တွေ့အကောင်အထည်ဖော်ဆောင်ရွက်ကြဖို့ မှာကြားလိုပါကြောင်း၊ ဝတ်စားဆင်ယင်မှုအနေနဲ့ မှာကြားလိုတာကတော့ ရုံးဖွင့်ရက်တွေမှာ သတ်မှတ်ယူနီဖောင်းဝတ်စုံ၊ ကွင်းဆင်းရာမှာ တရားဝင်သတ်မှတ်ထားသော ယူနီဖောင်းဝတ်စုံများကို ပြည့်စုံစွာ ဝတ်ဆင်ကြဖို့နဲ့ မိမိဒေသသို့ ပြန်လည်ရောက်ရှိတဲ့အခါ မိမိနဲ့အတူ တာဝန်ထမ်းဆောင်နေကြတဲ့ ဝန်ထမ်းအချင်းချင်းကိုလည်း ဒီသတင်းစကားတွေကို ပြန်လည်မျှဝေပေးဖို့ အထူးသတိပေးမှာကြားလိုပါကြောင်း ပြောကြားသည်။
ဆက်လက်ပြီး ခေတ္တညွှန်ကြားရေးမှူးချုပ် ဦးမျိုးနိုင်အောင်က မြစိမ်းရောင်ကျေးရွာစီမံကိန်း အကောင်အထည်ဖော်ရေးမွမ်းမံသင်တန်း တက်ရောက်ကြသည့် သင်တန်းသား/သင်တန်းသူများအား သင်တန်းဆင်း လက်မှတ်များ ပေးအပ်ချီးမြှင့်ခဲ့ရာ သင်တန်းသားသင်တန်းသူများကိုယ်စား သင်တန်းသားတစ်ဦးနှင့် သင်တန်းသူတစ်ဦးတို့မှ လက်ခံရယူခဲ့ပါသည်။
အခမ်းအနားသို့ ခေတ္တညွှန်ကြားရေးမှူးချုပ်၊ ညွှန်ကြားရေးမှူးများ၊ သင်တန်းနည်းပြများနှင့် ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန(ရုံးချုပ်)အပါအဝင် တိုင်းဒေသကြီး/ ပြည်နယ်ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနများမှ သင်တန်းသား၊ သင်တန်းသူ(၄၀)ဦးနှင့် တာဝန်ရှိပုဂ္ဂိုလ်များ တက်ရောက် ကြပြီး အဆိုပါသင်တန်းကို ဇွန်လ ၁၅-၆-၂၀၂၆ရက်နေ့မှ ၁၉-၆-၂၀၂၆ရက်နေ့ထိ ၅ရက်ကြာ စာတွေ့လက်တွေ့ဖြင့် သင်ကြားပို့ချခဲ့ကြောင်း သိရသည်။
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်