Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

စေတုတ္တရာမြို့နယ် အောက်ပုံကျေးရွာ၌ ဘက်စုံသုံးခန်းမတည်ဆောက်ပြီးစီးမှုစစ်ဆေး


22 Jun,2026

စေတုတ္တရာမြို့နယ် အောက်ပုံကျေးရွာ၌ ဘက်စုံသုံးခန်းမတည်ဆောက်ပြီးစီးမှုစစ်ဆေး
=====================================
စေတုတ္တရာ၊ ဇွန်-၂၂
 
     သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာ န၊ မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စေတုတ္တ ရာမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦး စီးဌာနမှ ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်တွင် ရက် ၁၀၀ စီမံချက်ဖြင့် အောက်ပုံကျေးရွာ၌ ကျေးရွာဖွံ့ ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း(VDP)ရန်ပုံငွေ နှင့် ကျေးရွာပြည်သူလူထုထည့်ဝင်ငွေများဖြင့် ဘက်စုံသုံးခန်းမတည်ဆောက်ခြင်းလုပ်ငန်းပြီးစီးမှုအခြေအနေများကို တာဝန်ရှိသူများမှ ယနေ့နံ နက်ပိုင်းအချိန်က ကွင်းဆင်းစစ်ဆေးကြကြောင်းသိရသည်။
     ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် စေတုတ္တရာမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီး ဌာနမှ မြို့နယ်ဦးစီးမှူး ဦးသိန်းဇော်ထွန်းနှင့် ဝန် ထမ်းများမှ ကျေးရွာကော်မတီဝင်များနှင့်အတူ အောက်ပုံကျေးရွာ၌ ဘက်စုံသုံးခန်းမတည် ဆောက်ခြင်းလုပ်ငန်းဆောင်ရွက်ပြီးစီး‌နေမှုအခြေ အနေများကို ကြည့်ရှ့စစ်‌ဆေးကြပြီးနောက် မြို့ နယ်ဦးစီးမှူးက ကျေးရွာတာဝန်ရှိသူများ၊ ကျေးရွာကော်မတီဝင်များကို လိုအပ်သည်များကိုလမ်းညွှန် မှာကြားခဲ့ကြောင်းသိရသည်။
      စေတုတ္တရာမြို့နယ် အောက်ပုံကျေးရွာ၌ အလျှား ၄၀ ပေ၊ အနံ ၃၀ ပေ၊ အမြင့် ၁၁ ပေရှိသော ဘက်စုံသုံးခန်းမတည်ဆောက်ခြင်းလုပ်ငန်းကို ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း (VDP)ရန်ပုံငွေကျပ်သိန်း ၁၅၀ ၊ ကျေးရွာပြည်သူ လူထုထည့်ဝင်ငွေကျပ်သိန်း ၃၀ ၊ စုစုပေါင်းငွေ ကျပ်သိန်း ၁၈၀ ဖြင့် မြို့နယ်ကျေးလက်ဒေသဖွံ့ ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၏ နည်းပညာကူညီမှုဖြင့် ကျေးရွာသူကျေးရွာသားများကိုယ်တိုင် မေလ ၁၅ ရက်နေ့မှ စတင်အကောင် အထည်ဖော်ဆောင်ရွက်ခဲ့ရာ ယခုအခါရာနှုန်း‌ ပြည့်ဆောင်ရွက်ပြီးစီးနေပြီဖြစ်ကြောင်း၊ အဆိုပါလုပ်ငန်းများအားလုံးရာနှုန်းပြည့်ဆောင်ရွက်ပြီးစီးမှုကြောင့် အောက်ပုံကျေးရွာရှိ အိမ်ခြေ ၁၆၀ အိမ်မှ လူဦးရေ ၆၁၉ ဦးတို့၏ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေးနှင့်ဘာသာရေးကိစ္စရပ်များအတွက်အသုံး ပြုနိုင်မည်ဖြစ်ကြောင်း စေတုတ္တရာမြို့နယ်ကျေး လက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးသိန်းဇော်ထွန်းထံမှ သိရသည်။


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်