Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

မင်းဘူး(စကု)မြို့နယ်၌ သမဝါယမအသင်းသား တောင်သူများအား သီးနှံမျိုးစေ့နှင့် သွင်းအားစုများပေးအပ်


22 Jun,2026

မင်းဘူး ဇွန် ၂၂

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်၌ စိုက်ပျိုးရေးလုပ်ငန်း လုပ်ကိုင်သည့် သမဝါယမအသင်းသားတောင်သူများ သီးနှံစိုက်ပျိုးချိန်တွင် အထောက်အကူ ဖြစ်စေရန်အတွက် သီးနှံမျိုးစေ့နှင့် သွင်းအားစုများပေးအပ်ခြင်းကို မြို့နယ်သမဝါယမအသင်းစုရုံး၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

 ထိုသို့ဆောင်ရွက်ရာတွင် မကွေးတိုင်းဒေသကြီးသမဝါယမဦးစီးဌာနမှ လက်ထောက် ညွှန်ကြားရေးမှူး ဒေါ်အေးအေးဝင်းက ၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ်အတွင်း သမဝါယမအသင်းသားများ အတွက် ဆောင်ရွက်ပေးသွားမည့် လူမှုစီးပွားမြှင့်တင်ရေး(သက်တန့်ရောင်)စီမံကိန်း အရင်းမပျောက် လည်ပတ်ရန်ပုံငွေ စီမံကိန်းနှင့်ပတ်သက်၍ အမှာစကားကြားပြီး မြို့နယ်သမဝါယမဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ဇင်မေလတ်က သီးနှံမျိုးစေ့နှင့် သွင်းအားစုများ ပေးအပ်ရခြင်းနှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားကာ တာဝန်ရှိသူများမှ မြို့နယ်အတွင်းရှိ သမဝါယမအသင်းသား တောင်သူ(၁၂)ဦးအား တစ်ဦးလျှင် ငွေကျပ် ၂၈၈,၀၀၀ နှုန်းဖြင့် စိုက်ဧက (၆၀) စာအတွက် စုစုပေါင်းငွေကျပ် ၁၇,၂၈၀,၀၀၀ နှင့်ညီမျှသော သီးနှံမျိုးစေ့နှင့် သွင်းအားစုများကို တောင်သူ လက်ဝယ်သို့ ပေးအပ်ခဲ့ကြောင်း သိရသည်။

မောင်မောင် (မင်းဘူး)

မကွေးတိုင်းဒေသကြီး


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်