Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

မိုးကောင်းမြို့နယ် သမဝါယမအသင်းစု(လိမိတက်)မှ ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်အတွက် ပြည်နယ်ဘတ်ဂျက်ရန်ပုံငွေ (သက်တံ့ရောင်စီမံကိန်း) ဖြင့် အသင်းသားတောင်သူများသို့ သွင်းအားစုများပေးအပ်


22 Jun,2026

မိုးကောင်း ဇွန် ၂၂

 ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးကောင်းမြို့နယ်သမဝါယမဦးစီးဌာနနှင့် မြို့နယ် အသင်းစုတို့မှ ပူးပေါင်း၍ ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်အတွက် ပြည်နယ်ဘတ်ဂျက်ရန်ပုံငွေ (သက်တန့်ရောင်)စီမံကိန်းဖြင့် အသင်းသားတောင်သူများသို့ သွင်းအားစုများပေးအပ်ပွဲကို အောင်သာကျေးရွာ ဘုန်းတော်ကြီးကျောင်း၌ ကျင်းပသည်။

 တောင်သူများ သွင်းအားစုအသုံးပြုခြင်းဖြင့် (၁) ဧကအထွက်နှုန်းတိုးလာပြီး ဈေးနှုန်းဈေး ကွက်သေချာ၍ သမဝါယမအသင်းနှင့် အသင်းသားတောင်သူများ ဝင်ငွေတိုးပွားပြီး နိုင်ငံ့စီးပွား တိုးတက်မြှင့်မာလာစေရန်အတွက် ရည်ရွယ်၍ သွင်းအားစုများ ပံ့ပိုးပေးအပ်ခြင်းဖြစ်သည်။

 အခမ်းအနားတွင် မြို့နယ်သမဝါယမဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ခိုင်မာသန်းမှ သက်တန့်ရောင်စီမံကိန်း၏ လုပ်ငန်းဆောင်ရွက်ချက်များနှင့် ရည်ရွယ်ချက်များကို ပြောကြားပြီး စိုက်ပျိုးရေး ဦးစီးအရာရှိ ဦးကျော်စိုးအောင်မှ တောင်သူများအား သွင်းအားစုအသုံးပြုပုံများကို ပြောကြားသည်။

 သွင်းအားစုပေးအပ်ပွဲတွင် ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ် မိုးကောင်းမြို့နယ်အတွင်း သမဝါယမ လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြည်နယ်ဘတ်ဂျက်ရန်ပုံငွေ (သက်တန့်ရောင်)စီမံကိန်း မိုးစပါးရာသီ စိုက်ပျိုးရေးလုပ်ငန်းဆောင်ရွက်လျက်ရှိသည့် သမဝါယမအသင်းများဖြစ်သော အောင်ချမ်းသာ လယ်ယာနှင့်အထွေထွေစီးပွားရေးလုပ်ငန်း သမဝါယမအသင်းလီမိတက်နှင့် လင်းလက်ကြယ်စိုက်ပျိုးရေးနှင့်အထွေစီးပွားရေးလုပ်ငန်း သမဝါယမအသင်းလီမိတက်များ၏ စိုက်ဧက (၅၆၃) ဧကအတွက် ငွေကျပ်(၁၁၂၆) သိန်းနှင့်ညီမျှသော သွင်းအားစုများကို တာဝန်ရှိသူများက ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

သန်းလွင်ဦး(ပြန်/ဆက်)

ကချင်ပြည်နယ်


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်