မော်လမြိုင် ဇွန် ၂၂
မွန်ပြည်နယ်၊ သမဝါယမစာရင်းရေး စာရင်းကိုင်သက်မွေးပညာသင်တန်းကျောင်း (မော်လမြိုင်) ၏ ၂ဝ၂၆ - ၂ဝ၂၇ ပညာသင်နှစ်၊ ပထမနှစ်၊ ဒုတိယနှစ်၊ တတိယနှစ် သင်တန်း ဖွင့်ပွဲအခမ်းအနားကို သမဝါယမစာရင်းရေး စာရင်းကိုင်သက်မွေးပညာသင်တန်းကျောင်း (မော်လမြိုင်)၊ ကျောင်းခန်းမ ဆောင်၌ ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ်က ယခုသင်တန်းသည် အခြေခံပညာ Grade (9) အောင်မြင်ပြီး စာရင်းရေး၊ စာရင်းကိုင်ပညာရပ်ကို စိတ်ဝင်စားသူများ၊ ပညာဆက်လက်သင်ယူရန် အခက်အခဲရှိသူများကို စာရင်းရေးစာရင်းကိုင်ပညာနှင့် အသက်မွေးဝမ်းကျောင်းပြုနိုင်စေဖို့ဖြစ်ပြီး သမဝါယမကောလိပ်နှင့် သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်တို့မှာ ပညာဆက်လက်သင်ယူ နိုင်မယ့် အခွင့်အလမ်းများကိုလည်း ဖန်တီးပေးနိုင်မည်ဖြစ်ကြောင်း၊ သင်တန်းတွင် စာရင်းကိုင် ပညာတတ်ကျွမ်းသူများ မွေးထုတ်ပေးမှာဖြစ်သည့်အတွက် နိုင်ငံတော်နှင့် ပြည်နယ်အတွက် အားကိုးအားထားပြုနိုင်မည့် စာရင်းရေး စာရင်းကိုင်ပညာရှင်များ ပေါ်ထွက်လာစေဖို့အတွက် အားလုံးဝိုင်းဝန်း ဆောင်ရွက်သွားကြရန်ဖြင့် အမှာစကားပြောကြားခဲ့သည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က သင်တန်းအတွက် ကျောင်းသုံးစာအုပ်နှင့် စာရေး ကိရိယာများပေးအပ်ခဲ့ပြီး ပြည်နယ်သမဝါယမအသင်းဥက္ကဋ္ဌမှ ပြည်နယ်အတွင်းရှိ သမဝါယမ အသင်းအဆင့်ဆင့်မှ ထောက်ပံ့ပေးအပ်သော ထောက်ပံ့ရေးပစ္စည်းများ ပေးအပ်ခဲ့သည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်က သမဝါယမစာရင်းရေးစာရင်းကိုင်သက်မွေးပညာ သင်တန်းပို့ချနေမှုအခြေအနေအား ကြည့်ရှုအားပေးခဲ့ပြီး သင်တန်းအတွက် လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ပြည်နယ်(ပြန်/ဆက်)
မွန်ပြည်နယ်
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်