ဟုမ္မလင်း ဇွန် ၂၂
သမဝါယမနှင့်ကျေးလက်ဖွံဖြိုးရေးဝန်ကြီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းမြို့နယ် သမဝါယမဦးစီးဌာနအနေဖြင့် သမဝါယမကဏ္ဍမှ ကုန်ထုတ်လုပ်မှု မြှင့်တင်ရေးအတွက် ဟုမ္မလင်း မြို့နယ်အတွင်း နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ဆောင်ရွက်သော မွေးမြူရေးလုပ်ငန်းခွင်များသို့ သွားရောက်ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
ဟုမ္မလင်းမြို့နယ်အတွင်း နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် မွေးမြူရေးလုပ်ငန်းဆောင်ရွက် သော နောင်ဖွတ်မော် စိုက်/ထွေသမဝါယမအသင်းမှ အသင်းသားများဖြစ်သော ဦးလင်းထိုက်စိုး မွေးမြူထားသည့် အသားတိုးကြက်ကောင်ရေ (၁၀၀၀)၊ ဒေသဝက်ကောင်ရေ (၃၀) နှင့် ဒေသကြက်ကောင်ရေ (၃၉၀)၊ ဦးဂျိုးဇက် မွေးမြူထားသည့် အသားတိုးကြက်ကောင်ရေ (၃၀၀)၊ ဦးဆားနွမ်း မွေးမြူထားသည့် အသားတိုးကြက်ကောင်ရေ (၅၀၀)၊ ဦးရာပေါ့ မွေးမြူထားသည့် အသားတိုးကြက်ကောင်ရေ (၅၀၀) တို့အား ကွင်းဆင်းကြည့်ရှုခဲ့ရာ စနစ်တကျမွေးမြူထားကြောင်း သိရသည်။
အဆိုပါ ဟုမ္မလင်းမြို့နယ်သမဝါယမဦးစီးဌာနအနေဖြင့် သမဝါယမကဏ္ဍမှ ကုန်ထုတ်လုပ်မှု မြှင့်တင်ရေးအတွက် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့်ဆောင်ရွက်သော ဟုမ္မလင်းမြို့၊ နောင်ဖွတ်မော် စိုက်/ထွေသမဝါယမအသင်းသားများ၏ မွေးမြူရေးလုပ်ငန်းများသို့ စနစ်ကျသော မွေးမြူရေးလုပ်ငန်းဖြစ်စေရန်၊ မြို့နယ်သမဝါယမဦးစီးဌာန ဦးစီးအရာရှိ ဦးအယ်လ်ဘီးပိုင်နှင့် မွေးမြူရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ခင်စန္ဒာဝင်းတို့က ကွင်းဆင်းကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ ပူးပေါင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)
စစ်ကိုင်းတိုင်းဒေသကြီး
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်