Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအေးကျော် မိုးစပါးစိုက်ပျိုးမည့် ဒေသခံတောင်သူများထံသို့ သွင်းအားစုပေးအပ်ပွဲ အခမ်းအနားများ တက်ရောက်


22 Jun,2026

ပုသိမ် ဇွန် ၂၂

တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်၊ ဧရာသီရိသုခ ခန်းမတွင် ပြုလုပ်သည့် တိုင်းဒေသကြီးသမဝါယမဦးစီးဌာနမှ ၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ်၊ မိုးစပါး စိုက်ပျိုးမည့် ဒေသခံတောင်သူများထံသို့ သွင်းအားစုပေးအပ်ပွဲအခမ်းအနားသို့ တက်ရောက်ခဲ့ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က“ ယနေ့အခမ်းအနားတွင် ပြည်ထောင်စုဘဏ္ဍာရန်ပုံငွေဖြင့် လူမှုစီးပွား မြှင့်တင်ရေး (သက်တန့်ရောင်) စီမံကိန်းမှ ဧရာဝတီတိုင်းဒေသကြီးအတွင်း (၁၃) မြို့နယ်ရှိ စိုက်ပျိုး ထုတ်လုပ်ရေး သမဝါယမအသင်း (၁၆) သင်း၊ အသင်းသားတောင်သူ (၃၁၃) ဦး၊ စိုက်ဧက (၁၀၀၆) အတွက် ငွေကျပ် (၂၄၅.၇၂၈) သန်းနှင့်ညီမျှသော သွင်းအားစုပေးအပ်ခြင်းဖြစ်ပါကြောင်း” ပြောကြား ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက သမဝါယမအသင်းစု တောင်သူများ ထံသို့ သွင်းအားစုများပေးအပ်ခဲ့သည်။

ဆက်လက်၍ သွင်းအားစုပေးအပ်ပွဲသို့ တက်ရောက်လာသည့်တောင်သူများက စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်အထွေထွေဆွေးနွေးတင်ပြမှုများအပေါ် တိုင်းဒေသကြီးဝန်ကြီးချုပ်က သက်ဆိုင်ရာ တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပြီး တောင်သူများအား ရင်းရင်းနှီးနှီး နှုတ်ဆက်ခဲ့၍ ဇီဝသဘာဝမြေဩဇာ ပြုလုပ်ထားရှိမှုကို ကြည့်ရှုအားပေးခဲ့ကြောင်းသိရသည်။

လှမင်းထွဋ်(ပြန်/ဆက်)

ဧရာဝတီတိုင်းဒေသကြီး


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်