Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ဓနုဖြူမြို့နယ်၌ ၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ် မိုးစပါးစိုက်ပျိုးမည့် အသင်းသားတောင်သူများသို့ သွင်းအားစုပေးအပ်ပွဲအခမ်းအနားကျင်းပ


22 Jun,2026

ဓနုဖြူ ဇွန် ၂၂

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်သမဝါယမဦးစီးဌာနမှ ၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ် မိုးစပါးစိုက်ပျိုးမည့် အသင်းသားတောင်သူများသို့ သွင်းအားစုပေးအပ်ပွဲ အခမ်းအနားကို တမြာကျေးရွာအုပ်စု၊ ဝါးတန်းကျေးရွာ၊ မင်္ဂလာသုခဘုန်းတော်ကြီးကျောင်း၌ ကျင်းပသည်။

အခမ်းအနားတွင် မြို့နယ်သမဝါယမဦးစီးဌာန ဦးစီးအရာရှိ ဒေါ်အိအိမွန်က အဖွင့်အမှာ စကား ပြောကြားခဲ့သည်။ ထို့နောက် သမဝါယမအသင်းစု ဥက္ကဋ္ဌ ဦးဝင်းနိုင်က အမှာစကား ပြောကြားပြီး၊ တမြာကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးကျော်မင်းက သမဝါယမအသင်း၏ ဆောင်ရွက်ချက်များ၊ လုပ်ဆောင်ချက်များအား ရှင်းလင်းပြောကြားခဲ့သည်။ ဆက်လက်၍ အသင်းသား တောင်သူ (၅၀) ဦးအတွက် သွင်းအားစုဓာတ်မြေသြဇာများပေးအပ်ခဲ့ရာ တက်ရောက်လာသော အသင်းသားကိုယ်စား အသင်းသားတစ်ဦးက ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့သည်။ ထို့နောက် မြို့နယ်သမဝါယမဦးစီးဌာန ဦးစီးအရာရှိ ဒေါ်အိအိမွန်က နိဂုံးချုပ်စကား ပြောကြားခဲ့ကြောင်း သိရသည်။

အောင်ပြည့်ဖြိုးဇော်(ပြန်/ဆက်)

ဧရာဝတီတိုင်းဒေသကြီး

 


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်