ဇီးကုန်း ဇွန် ၂၂
(၁၀၄)ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ သမဝါယမနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် သမဝါယမကဏ္ဍမှ မိုးစပါးစီမံကိန်းသီးနှံ စိုက်ပျိုးသော အသင်းသားတောင်သူများအား မျိုးနှင့် သွင်းအားစုများ ပေးအပ်ပွဲကို ပဲခူးတိုင်းဒေသကြီး၊ ဇီးကုန်းမြို့နယ် သမဝါယမဦးစီးဌာနရုံး၌ ကျင်းပရာ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးလှမိုးက အမှာစကား ပြောကြားပြီး၊ သမဝါယမဦးစီးဌာန ဦးစီးအရာရှိ ဒေါ်သင်းမြတ်ရွှေစင်က မျိုးနှင့် သွင်းအားစုများ ပေးအပ်ရခြင်းနှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားသည်။
ထို့နောက် မြို့နယ်အဆင့် စိုက်ပျိုးမွေးမြူရေးလုပ်ငန်း ကြီးကြပ်မှုကော်မတီ၊ သမဝါယမဦးစီးဌာန ဦးစီးအရာရှိနှင့် မြို့နယ်သမဝါယမအသင်းစုဥက္ကဋ္ဌတို့က မိုးစပါးစိုက်ဧက (၁၂၀၀) အတွက် ကျပ်သိန်း (၃၀၀၀) နှင့်ညီမျှသော မျိုးနှင့်သွင်းအားစုများကို သမဝါယမ အသင်းသားတောင်သူများသို့ ပေးအပ်ခဲ့ကြောင်း သိရသည်။
တင့်ဆွေ(ပြန်/ဆက်)
ပဲခူးတိုင်းဒေသကြီး
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်