Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

မိုးစပါးစိုက်ပျိုးသောတောင်သူများသို့ သွင်းအားစုပေးအပ်ပွဲအခမ်းအနား ကျင်းပ


22 Jun,2026

ကန်ကြီးထောင့် ဇွန် ၂၂

 ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်တွင် ၂၀၂၆-၂၀၂၇ ခုနှစ် တိုင်းဒေသကြီးအတွင်း မြို့နယ်(၁၃)မြို့နယ်ရှိ အသင်းသား (၃၁၃) ဦး၊ မိုးစပါးစိုက်ဧက (၁၀၀၆) ဧကအတွက် ကျပ်(၂၄၅.၇၂၈)သန်းနှင့်ညီမျှသော သွင်းအားစုများကို မိုးစပါးစိုက်ပျိုးသော တောင်သူ များသို့ သွင်းအားစု ပေးအပ်ပွဲ အခမ်းအနားအား ကန်ကြီးထောင့်မြို့နယ်၊ ဧရာသီရိသုခခန်းမ၌ ကျင်းပသည်။

 အဆိုပါအခမ်းအနားသို့ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးအေးကျော်၊ တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးသိန်းထွန်း၊ ဒုတိယဥက္ကဋ္ဌ ဦးသက်နိုင်ဦး၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဦးကျော်မျိုးတင်၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်နှင့်အတူ ဧရာဝတီတိုင်းဒေသကြီးသမဝါယမဦးစီးဌာန တိုင်းဦးစီးမှူးနှင့် တာဝန်ရှိသူများ၊ တိုင်းဒေသကြီး/ ခရိုင်အဆင့် တာဝန်ရှိသူများ၊ တိုင်းဒေသကြီးသမဝါယမအသင်း စုချုပ်ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် တာဝန်ရှိသူ များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ဒေသခံတောင်သူ (၁၄၀) ဦး၊ စုစုပေါင်း (၂၀၀) ဦး တက်ရောက် ခဲ့သည်။

 အခမ်းအနားတွင် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်က မိုးစပါးအချိန်မီ စိုက်ပျိုးနိုင်ရေး၊ လယ်တစ်ဧက အထွက်နှုန်းတိုးစေရေး၊ သွင်းအားစုများ စနစ်တကျ သုံးစွဲရေး တောင်သူများ လိုအပ်ချက်များနှင့်ပတ်သက်၍ ရှင်းလင်းဆွေးနွေးမှာကြားခဲ့ပြီး တိုင်းဒေသကြီး သမဝါယမဦးစီးမှူး ဦးကျော်စိုးမင်းက (သမဝါယမကဏ္ဍ) စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်း ဆောင်ရွက်မှုအခြေအနေအား တင်ပြခဲ့သည်။ ထို့နောက် မြို့နယ် (၁၃) မြို့နယ်ရှိ အသင်းသား (၃၁၃) ဦး၊ မိုးစပါးစိုက်ဧက (၁၀၀၆)ဧကအတွက် ကျပ် (၂၄၅.၇၂၈) သန်းနှင့်ညီမျှသော သွင်းအားစု မြေဩဇာ(၂၂၃၃)အိတ်ကို ပေးအပ်ခဲ့သည်။ ယင်းနောက် တက်ရောက်လာသော တောင်သူများမှ တင်ပြဆွေးနွေးခဲ့ပြီး ဒေသခံတောင်သူများ၏ တင်ပြချက်အပေါ် ဝန်ကြီးချုပ်က တာဝန်ရှိသူများနှင့် ဆက်စပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ကျော်ဇင်စိုး(ပြန်/ဆက်)

ဧရာဝတီတိုင်းဒေသကြီး


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်