မြန်အောင်မြို့နယ် ဆန်နီချောင်ကျေးရွာ၌ မိုးရာသီ အရိပ်ရပင်များစုပေါင်းစိုက်ပျိုး
************************************************************************
မြန်အောင် ဇွန် ၂၃
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ မြန်အောင် မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက သဘာဝပတ်ဝန်းကျင်စိမ်းလန်းစိုပြည်စေရန် နှင့် ရာသီဥတုအပူဒဏ်ကာကွယ်နိုင်ရန် ရည်ရွယ်၍ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် ကျေးရွာပြည်သူများ ပူးပေါင်းကာ ဆန်နီချောင်ခေတ်မီစံပြကျေးရွာ၌ ဇွန် ၂၂ ရက်နေ့က အရိပ်ရနှစ်ရှည်ပင်များ စုပေါင်း စိုက်ပျိုးခဲ့ကြောင်း သိရသည်။
သစ်ပင်စိုက်ပျိုးရာတွင် သစ်တောဦးစီးဌာနမှ ပျိုးပင်များ ကူညီထောက်ပံ့မှုဖြင့် မြန်အောင်ခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးမောင်တင်အောင်၊ မြန်အောင်မြို့နယ် ဦးစီးမှူး ဦးနေဇော်ထက်နှင့် ဝန်ထမ်းများ၊ သစ်တောဦးစီးဌာနမှ တောအုပ် ဦးအောင်သူနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဆရာ/ဆရာမများနှင့် ကျောင်းသူ/သားများ၊ ကျေးရွာပြည်သူများ၊ Smart Village ကော်မတီဝင်များနှင့် မြစိမ်းရောင်စီမံကိန်းလုပ်ငန်းအဖွဲ့ဝင်များက ကျွန်း အပင် ၃၀၀ နှင့် စိန်ပန်းပြာ အပင် ၁၀၀ ကို ဆန်နီချောင်ကျေးရွာတွင်းလမ်းဘေးဝဲယာ၌ တပျော်တပါး စုပေါင်း စိုက်ပျိုးခဲ့ကြောင်း သိရသည်။
သဘာဝပတ်ဝန်းကျင် စိမ်းလန်းစိုပြည်ရေးသာမက ရာသီဥတုမျှတရေးကို များစွာအထောက်အကူ ပြုသည့် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲကို စုပေါင်းအင်အားဖြင့် တက်ကြွစွာ ဆောင်ရွက်ခဲ့ကြကြောင်း၊ စိုက်ပျိုးပြီးသစ်ပင်များ ရှင်သန်ကြီးထွားစေရေးအတွက် သက်ဆိုင်သူ အားလုံးက ဝိုင်းဝန်းထိန်းသိမ်း စောင့်ရှောက်သွားကြမည်ဖြစ်ကြောင်း မြန်အောင်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတက်ရေး ဦးစီးဌာနမှ သိရသည်။
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်