Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ပြင်ဦးလွင်မြို့တွင် မြို့မဈေးကြီး ဈေးသမဝါယမအသင်းလီမိတက်၏ ၂ဝ၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ် အတွက် အသင်းသား၊ အသင်းသူများအား အစုပေါ်အမြတ်ငွေနှင့် စုဆောင်းငွေပေါ် အကျိုးအမြတ် ငွေများပေးအပ်ပွဲအခမ်းအနားကျင်းပ


23 Jun,2026

ပြင်ဦးလွင် ဇွန် ၂၃

 (၁၀၄) ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာသမဝါယမနေ့ကို ဂုဏ်ပြုသောအားဖြင့် မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့နယ်၊ မြို့မဈေးကြီး ဈေးသမဝါယမအသင်းလီမိတက်၏ ၂ဝ၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်အတွက် အသင်းသား၊ အသင်းသူများအား အစုပေါ်အမြတ်ငွေနှင့် စုဆောင်းငွေပေါ် အကျိုးအမြတ်ငွေများ ပေးအပ်ပွဲအခမ်းအနားကို ပြင်ဦးလွင်မြို့၊ ရပ်ကွက်ကြီး(၆)ရှိ မြို့မဈေးကြီး ဈေးသမဝါယမအသင်း ရုံးခန်းမ၌ ကျင်းပပြုလုပ်သည်။

 ရှေးဦးစွာ မြို့မဈေးကြီးဈေးသမဝါယမအသင်းလီမိတက်၏ဥက္ကဋ္ဌ ဦးထွန်းမြင့်မှ ချေးငွေလုပ်ငန်း ဆောင်ရွက်မှုများနှင့်ပတ်သက်၍ အသေးစိတ်ရှင်းလင်းပြောကြားခဲ့ပြီး တာဝန်ရှိသူများမှ မြို့မဈေးကြီး ဈေးသမဝါယမအသင်းလီမိတက်သည် ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ် အတွက် အစုပေါ်အမြတ်ငွေ များကို အသင်းသားတစ်ဦးလျှင် ငွေကျပ်(၂၀၀၀ဝိ/-)နှုန်းဖြင့် အသင်းသား (၇၁၅)ဦးတို့အား ငွေကျပ် (၁၄၃) သိန်း နှင့် အသင်းသားစုဆောင်းငွေပေါ်အကျိုးအမြတ်ငွေများ ကျပ်(၉၁၉၉၉၅၀ဝိ/-)ကို မြို့မဈေးကြီး ဈေးသမဝါယမအသင်းရုံးခန်းမ၌ အသင်းသား၊ အသင်းသူ များ လက်ဝယ်အရောက် ပေးအပ်ချီးမြှင့်ခဲ့ကြသည်။

 အဆိုပါ မြို့မဈေးကြီး ဈေးသမဝါယမအသင်းလီမိတက်၏ ၂ဝ၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ် အတွက် အသင်းသား၊ အသင်းသူများအား အစုပေါ်အမြတ်ငွေနှင့် စုဆောင်းငွေပေါ် အကျိုးအမြတ် ငွေများ ပေးအပ်ပွဲအခမ်းအနားသို့ မြို့နယ်သမဝါယမဦးစီးဌာန ဦးစီးအရာရှိ ဦးဟိန်းစစ်ကျော်နှင့် ဝန်ထမ်းများ၊ အသင်းသား၊ အသင်းသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ခရိုင် (ပြန်/ဆက်)

မန္တလေးတိုင်းဒေသကြီး


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်