Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

မော်လမြိုင်မြို့နယ်၌ သမဝါယမအသင်းသားတောင်သူများ မိုးစပါးစိုက်ပျိုးနေမှု ကွင်းဆင်းကြည့်ရှု


23 Jun,2026

မော်လမြိုင် ဇွန် ၂၃

 သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ မွန်ပြည်နယ် မော်လမြိုင်မြို့နယ်သမဝါယမ ဦးစီးဌာနမှ တာဝန်ရှိသူများသည် ယနေ့ မွန်းလွှဲပိုင်းက ကော့ခနီကျေးရွာ၌ အေးချမ်းအောင် လယ်ယာနှင့် အထွေထွေစီးပွားရေးလုပ်ငန်းသမဝါယမအသင်းမှ အသင်းသားတောင်သူများ စိုက်ပျိုး လျက်ရှိသော မိုးစပါးများ ပျိုးထောင်စိုက်ပျိုးထားမှုအခြေအနေအား ကွင်းဆင်းကြည့်ရှုခဲ့သည်။

 အဆိုပါအသင်းမှ အသင်းသားတောင်သူ ၇၅ ဦး၏ မိုးစပါးစိုက်ဧက ၃၇၅ ဧကတွင် ပေါ်ဆန်းရင်စပါးမျိုးများ စနစ်ကျသော စိုက်ပျိုးရေးစနစ်ဖြင့် စိုက်ပျိုးဆောင်ရွက်လျက်ရှိပြီး အသင်းသားတောင်သူများ လိုအပ်သော သွင်းအားစုများအတွက် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ပံ့ပိုးဆောင်ရွက်ထားကြောင်း သိရသည်။


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်