Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ဒိုက်ဦးမြို့နယ် ကမာဖရုံကျေးရွာ၌ ကျေးရွာတွင်း လမ်းဂဝံခင်းခြင်းလုပ်ငန်းပြီးစီးမှုစစ်ဆေး


24 Jun,2026

ဒိုက်ဦးမြို့နယ် ကမာဖရုံကျေးရွာ၌ ကျေးရွာတွင်း လမ်းဂဝံခင်းခြင်းလုပ်ငန်းပြီးစီးမှုစစ်ဆေး
=====================================
ဒိုက်ဦး၊ ဇွန်-၂၄
 
     သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာ န၊ ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ဒိုက် ဦးမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦး စီးဌာနမှ ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်တွင် ရက် ၁၀၀ စီမံချက်ဖြင့် ကမာဖရုံကျေးရွာ၌ ကျေးရွာဖွံ့ ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း(VDP)ရန်ပုံငွေ နှင့် ကျေးရွာပြည်သူလူထုထည့်ဝင်ငွေများဖြင့် ကျေးရွာတွင်းလမ်းဂဝံခင်းခြင်းလုပ်ငန်းပြီးစီးမှုအခြေအနေများကို တာဝန်ရှိသူများမှ ယနေ့နံ နက်ပိုင်းအချိန်က ကွင်းဆင်းစစ်ဆေးကြကြောင်းသိရသည်။
     ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် ညောင်လေး ပင်ခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီး ဌာနမှ ခရိုင်ဦးစီးမှူး ဦးရန်နိုင်ညွှန့်၊ ဒိုက်ဦးမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးအောင်မြင့်ထွန်းနှင့် ဝန်ထမ်းများမှ ကျေးရွာကော်မတီဝင်များနှင့်အတူ ကမာဖ ရုံကျေးရွာ၌ ကျေးရွာတွင်းလမ်းဂဝံခင်းခြင်းလုပ် ငန်းဆောင်ရွက်ပြီးစီး‌နေမှုအခြေအနေများကို ကြည့်ရှ့စစ်‌ဆေးကြပြီးနောက် ခရိုင်ဦးစီးမှူးက ကျေး ရွာတာဝန်ရှိသူများ၊ ကျေးရွာကော်မတီဝင်များကို လိုအပ်သည်များကိုလမ်းညွှန်မှာကြားခဲ့ကြောင်းသိရသည်။
     ဒိုက်ဦးမြို့နယ် ကမာဖရုံကျေးရွာ၌ အရှည် ၁၅၀၀ ပေ၊ အကျယ် ၁၂ ပေ၊ အမြင့် ၆ လက်မရှိသော ကျေးရွာတွင်းလမ်းဂဝံခင်းခြင်းလုပ်ငန်းကို ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း (VDP)ရန်ပုံငွေကျပ်သိန်း ၁၅၀ ၊ ကျေးရွာပြည်သူ လူထုထည့်ဝင်ငွေကျပ် ၁၀ သိန်း ၊ စုစုပေါင်းငွေ ကျပ်သိန်း ၁၆၀ ဖြင့် မြို့နယ်ကျေးလက်ဒေသဖွံ့ ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၏ နည်းပညာကူညီမှုဖြင့် ကျေးရွာသူကျေးရွာသားများကိုယ်တိုင် ဧပြီလ ၂၈ ရက်နေ့မှ စတင်အကောင် အထည်ဖော်ဆောင်ရွက်ခဲ့ရာ ယခုအခါရာနှုန်း‌ ပြည့်ဆောင်ရွက်ပြီးစီးနေပြီဖြစ်ကြောင်း ဒိုက်ဦး မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီး ဌာနမှ မြို့နယ်ဦးစီးမှူး ဦးအောင်မြင့်ထွန်းထံမှ သိရသည်။


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်