မိုင်းကိုင် ဇွန် ၂၂
ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ မိုင်းကိုင်မြို့နယ်၌ ခမ်းဝါအထွေထွေစီးပွားရေး သမဝါယမအသင်းလီမိတက်၏ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်အတွက် အရပ်ရပ်ဆိုင်ရာအစည်းအဝေး ကို မြို့နယ်သမဝါယမဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အစည်းအဝေးတွင် ခမ်းဝါအထွေထွေစီးပွားရေးသမဝါယမအသင်းလီမိတက်ဥက္ကဋ္ဌ ဒေါ်ဖြူဖြဝင်း က အမှာစကားပြောကြားပြီး၊ မြို့နယ်သမဝါယမဦးစီးဌာန ဦးစီးအရာရှိ ဒေါ်သွယ်သွယ်အောင်က အသင်းစဉ်ဆက်မပြတ်ဖွံ့ဖြိုးတက်းတက်ရေးနှင့်ပတ်သက်၍ အကြံပြု ဆွေးနွေးခဲ့သည်။
ထို့နောက် အသင်းအမှုဆောင်များက အသင်း၏လုပ်ငန်းဆောင်ရွက်မှုအစီရင်ခံစာ၊ ရှေ့လုပ်ငန်း စဉ်များ၊ ဘဏ္ဍာရေးရှင်းတမ်း၊ အမြတ်ခွဲဝေမှုစာရင်း၊ အသင်းသားစာရင်းစစ် အစီရင်ခံစာများကို ဖတ်ကြားတင်ပြရာ တက်ရောက်လာသည့်အသင်းသားများက မိမိတို့သိရှိလိုသည်များကို ပြန်လည် မေးမြန်းဆွေးနွေးပြီးနောက် တာဝန်ရှိသူများက အသင်းသားအသင်းသူ ၇၁ ဦးထံသို့ အစုရှယ်ယာ အပေါ်အသားတင်အမြတ်ငွေ ၁,၀၀၄,၈၄၉ ကျပ်ကို ထုတ်ပေးခဲ့ကြောင်း သိရသည်။
ချော(မိုင်းကိုင်)
ရှမ်းပြည်နယ်
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်