Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

သမဝါယမအသင်းသား တောင်သူများအတွက် သွင်းအားစုမြေဩဇာများ ပေးအပ်


22 Jun,2026

ပျဉ်းမနား ဇွန် ၂၂

 ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ ပျဉ်းမနားမြို့နယ်၊ ရွာသာကျေးရွာရှိ စိုက်ပျိုး ထုတ်လုပ်ရေးသမဝါယမအသင်းသားတောင်သူများအတွက် လူမှုစီးပွားမြှင့်တင်ရေး (သက်တန့်ရောင်) စီမံကိန်းထောက်ပံ့ငွေဖြင့် သွင်းအားစုမြေဩဇာများ ပေးအပ်ခြင်းကို ရွာသာကျေးရွာ ဓမ္မာရုံ၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

 ဦးစွာ သမဝါယမနှင့်ကျေးလက်ဖွံ့ရေးဝန်ကြီးဌာန၊ ပျဉ်းမနားမြို့နယ်သမဝါယမဦးစီးဌာန ဦးစီးအရာရှိနှင့် တာဝန်ရှိသူများက ဒေသခံတောင်သူများ မိုးစပါးစိုက်ပျိုးရာတွင် အသုံးပြုနိုင်ရေးအတွက် လူမှုစီးပွားမြှင့်တင်ရေး(သက်တန့်ရောင်)စီမံကိန်း ထောက်ပံ့ငွေဖြင့် ဩဘာပုလဲ သွင်းအားစု မြေဩဇာများကို တောင်သူများထံ ပေးအပ်ကာ စိုက်ပျိုးသီးနှံများ အောင်မြင်ဖြစ်ထွန်းပြီး ပန်းတိုင်အထွက်နှုန်းများ ရှိရေးအတွက် လိုအပ်သည့် သွင်းအားစုများကို စနစ်တကျထည့်သွင်းရေးနှင့် သီးနှံဖျက်ပိုးများ ကျရောက်မှုမရှိစေရေးကို အလေးထားဆောင်ရွက် သွားကြရန် ပြောကြားခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)

နေပြည်တော်ကောင်စီနယ်မြေ


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်