Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

အမရပူရမြို့နယ်၌ နွေစပါးစံကွက်ရိတ်သိမ်းရာ တစ်ဧကလျှင် စပါးအစိုတင်း (၁၃၀) ထွက်ရှိ


22 Jun,2026

အမရပူရ ဇွန် ၂၂

မန္တလေးတိုင်းဒေသကြီး အမရပူရမြို့နယ် ဂျိုရွာကျေးရွာ ဂျိုရွာစိုက်ပျိုးရေးနှင့် အထွေထွေ စီးပွားရေးလုပ်ငန်းသမဝါယမအသင်း၏ အသင်းသားတောင်သူ ဦးဇော်မျိုးထွန်း၏ နွေစပါးစံပြကွက် (၁၀)ဧကအား ရိတ်သိမ်းခြွေလှေ့စက်ဖြင့် ရိတ်သိမ်းခဲ့ပြီး တစ်ဧကလျှင် စပါးအစိုတင်း ၁၃၀ ထွက်ရှိကြောင်း သိရသည်။

စံကွက်ရိတ်သိမ်းမှုကို မြို့နယ်သမဝါယမဦးစီးဌာန ဦးစီးအရာရှိနှင့် တာဝန်ရှိသူများ၊ အသင်းစု အမှုဆောင်များက ကွင်းဆင်းကြည့်ရှုစစ်ဆေး၍ သမဝါယမကဏ္ဍမှ စီမံကိန်းသီးနှံများ စိုက်ပျိုး ထုတ်လုပ်မှု၊ ရောင်းဝယ်မှု၊ ကြိတ်ခွဲဖြန့်ဖြူးမှု လုပ်ငန်းစဉ်များအထိ အသင်းမှလိုအပ်သော ငွေကြေး အရင်းအနှီးနှင့် ဈေးကွက်ပိုမိုရရှိရေးတို့ကို ကူညီဆောင်ရွက်ပေးခြင်းအားဖြင့် စိုက်ပျိုးရေးလုပ်ငန်း များ အောင်မြင်ပြီး ကျေးလက်နေပြည်သူတို့၏ လူမှုစီးပွားဘဝ တိုးတက်မြင့်မားရေးကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ချမ်းမြေ့မောင်(ချမ်း/စံ)

မန္တလေးတိုင်းဒေသကြီး


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်