နေပြည်တော် ဇွန် ၂၃
ဇေယျာသီရိမြို့နယ် ရွှေပေး - ရှားစေးဖို ကျေးရွာချင်းဆက်လမ်း၏ လမ်းဘေးဝဲ/ယာတစ်လျှောက်တွင် ယမန်နေ့က မိုးရာသီသစ်ပင် စိုက်ပျိုးပွဲကျင်းပရာ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးရဲခေါင်ထွန်း၊ တိုင်း/ခရိုင်/မြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးစောနိုင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့် ကျေးရွာပြည်သူများ စုပေါင်း၍ ကျွန်း၊ ကံ့ကော်၊ ခရေ၊ ကုက္ကို၊ စိန်ပန်း၊ ပိတောက်၊ မဲဇလီ စသည့်အရိပ်ရသစ်ပင် ၄၁၃ ပင်ကို စိုက်ပျိုးခဲ့သည်။
ထွန်းလင်း(ဇေယျာမြေ)
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်