စဉ့်ကိုင် ဇွန် ၂၄
မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ ကျေးလက်နေပြည်သူများ လူမှုစီးပွားဘဝ ပိုမို အဆင်ပြေစေရန်အတွက် ၂၀၂၆ - ၂ဝ၂၇ ဘဏ္ဍာနှစ်အတွင်း တိုင်းဒေသကြီး ငွေလုံးငွေရင်းရန်ပုံငွေဖြင့် အရေးမဆို-ထန်းတော ကျေးရွာချင်းချိတ်ဆက်လမ်း မြေသားတာပေါင် တင်၍ ကျောက်ရောမြေခင်းခြင်းလုပ်ငန်းဆောင်ရွက်နေမှုများအား ဇွန် ၂၃ ရက် နံနက်ပိုင်းက ကျောက်ဆည်ခရိုင် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး(မြို့ပြ) ဒေါ်ခင်မျိုးမျိုးလတ်က ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ပြီး မြို့နယ်တာဝန်ခံနှင့် အဖွဲ့က လုပ်ငန်းဆောင်ရွက်ပြီးစီးမှုနှင့် ဆက်လက်ဆောင်ရွက်မည့်လုပ်ငန်းများကို ရှင်းလင်းတင်ပြခဲ့သည်။
အဆိုပါ အရေးမဆို- ထန်းတောကျေးရွာချင်းချိတ်ဆက်လမ်း အရှည် ၁၃၂ဝ ပေ၊ အကျယ် ၁၆ ပေ၊ ထု ၄ လက်မရှိ မြေသားတာပေါင်တင်၍ ကျောက်ရော မြေလမ်းကို တိုင်းဒေသကြီး ငွေလုံးငွေရင်း ရန်ပုံငွေဖြင့် စဉ့်ကိုင်မြို့နယ် ကျေးလက်လမ်းဦးစီးဌာနမှ တာဝန်ယူဆောင်ရွက်ပေးခဲ့ပြီး လုပ်ငန်းပြီးစီးပါက အဆိုပါ ကျေးရွာများမှ ကျေးရွာသူ၊ ကျေးရွာသားများ၊ ကျောင်းသား၊ ကျောင်းသူများ၊ ဈေးသွား၊ ဈေးလာသူများ၏ လမ်းပန်းဆက်သွယ်မှု ပိုမိုကောင်းမွန်လာပြီး လူနေမှုဘဝ ပိုမိုမြင့်မားလာမည်ဖြစ်ကြောင်း မြို့နယ်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ သိရသည်။
ကျော်စွာ(စဉ့်ကိုင်)
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်