Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ဇီးကုန်းမြို့နယ် သစ်မျှောကြီးကျေးရွာ၌ ကျေးရွာတွင်းလမ်းမြေနီကျောက်စရစ်ခင်းခြင်းလုပ်ငန်းပြီး စီးမှုစစ်ဆေး


25 Jun,2026

ဇီးကုန်းမြို့နယ် သစ်မျှောကြီးကျေးရွာ၌ ကျေးရွာတွင်းလမ်းမြေနီကျောက်စရစ်ခင်းခြင်းလုပ်ငန်းပြီး စီးမှုစစ်ဆေး
=====================================
ဇီးကုန်း၊ ဇွန်-၂၅
 
    သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ဇီးကုန်းမြို့ နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်တွင် ရက် ၁၀၀ စီမံချက်ဖြင့် သစ်မျှောကြီးကျေးရွာ၌ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း(VDP)ရန်ပုံငွေ၊ ပြည်သူထည့်ဝင်ငွေများဖြင့်ကျေးရွာတွင်းလမ်းမြေနီကျောက်စရစ်ခင်းခြင်းလုပ်ငန်းဆောင်ရွက်ပြီးစီးနေမှုအခြေအနေများကို တာဝန်ရှိသူများမှ  ယနေ့နံနက်ပိုင်းအချိန်က ကွင်းဆင်းစစ်ဆေးကြကြောင်းသိရသည်။
    ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် နတ်တလင်းခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်‌ရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးဌေးလွင်စိုး၊ ဇီးကုန်းမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးပြည့်ဖြိုးအောင်နှင့်ဝန်ထမ်းများမှ ကျေးရွာကော်မတီဝင်များနှင့်အတူ သစ်မျှောကြီးကျေးရွာ၌ ကျေးရွာတွင်းလမ်းမြေနီကျောက် စရစ်ခင်းခြင်းလုပ်ငန်းဆောင်ရွက်ပြီးစီးနေမှုအခြေ အနေများကို ကြည့်ရှု့စစ်ဆေးကြပြီးနောက် ခရိုင်ဦးစီးမှူးက ကျေးရွာတာဝန်ရှိသူများ၊ ကျေးရွာကော်မတီဝင်များကို လိုအပ်သည်များကိုဆွေးနွေးမှာကြားခဲ့ကြောင်း သိရသည်။
     ဇီးကုန်းမြို့နယ် သစ်မျှောကြီးကျေးရွာ၌အရှည် ၁၈၀၀ ပေ၊ အကျယ် ၁၂ ပေ၊ အမြင့် ၈ လက်မရှိသော ကျေးရွာတွင်းလမ်းမြေနီကျောက်စရစ်ခင်းခြင်းလုပ်ငန်းကို ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ် ငန်းစီမံကိန်း(VDP)ထောက်ပံ့ငွေကျပ် ၁၅ သန်း၊ ကျေးရွာပြည်သူလူထုထည့်ဝင်‌ငွေကျပ် ၂ ဒသမ ၃၀ သန်းဖြင့် မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုး တက်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၏ နည်းပညာကူညီမှုဖြင့် ကျေးရွာသူကျေးရွာသားများကိုယ် တိုင် ၂၀၂၆ ခုနှစ် မေလ ၇ ရက်နေ့မှစတင်ကောင်အထည်ဖော်ဆောင်ရွက်ခဲ့ရာ ယခုအခါ ရာနှုန်းပြည့်ဆောင်ရွက်ပြီးစီးနေပြီဖြစ်ကြောင်း ဇီးကုန်းမြို့ နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာ နမှ မြို့နယ်ဦးစီးမှူး ဦးပြည့်ဖြိုးအောင်ထံမှသိရသည်။


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်