Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

နတ်မောက်မြို့နယ် စည်သာကျေးရွာ၌ မြစိမ်း ရောင်ကျေးရွာစီမံကိန်းမှချေးငွေများထုတ်‌ပေး


24 Jun,2026

နတ်မောက်မြို့နယ် စည်သာကျေးရွာ၌ မြစိမ်း ရောင်ကျေးရွာစီမံကိန်းမှချေးငွေများထုတ်‌ပေး
=====================================
နတ်မောက်၊ ဇွန်-၂၄
 
   သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ နတ်မောက်မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီး ဌာနမှ စည်သာကျေးရွာ၌ (၁၂)ကြိမ်မြောက်မြစိမ်း ရောင်ကျေးရွာစီမံကိန်းအရင်းမပျောက်လည်ပတ်ရန်ပုံငွေများပြန်လည်ထုတ်ချေးပေးခြင်းကို ယနေ့နံနက်ပိုင်းအချိန်က အဆိုပါကျေးရွာ၌ ဆောင်ရွက်ကြောင်းသိရသည်။
    ရှေးဦးစွာ နတ်မောက်မြို့နယ်ကျေးလက်ဒေသဖွံ့ ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးဝင်းနိုင်ဦးမှ မြစိမ်းရောင်ကျေးရွာစီမံကိန်းဖြင့် ကျေးလက်နေပြည်သူများဆင်းရဲမှုလျော့ကျစေရန်နှင့် တစ်နိုင်တစ်ပိုင်စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်တခြားစီးပွားရေးလုပ်များဆောင်ရွက်နိုင်စေရန်ရည်ရွယ်၍ထုတ်ချေးပေးခြင်းဖြစ်ကြောင်း၊ စီမံ ကိန်းဆောင်ရွက်ခြင်းဖြင့် ရရှိလာမည့်အကျိုး ကျေးဇူးများ၊ စီမံကိန်းလုပ်ငန်းစဉ် အကြောင်းအ ရာများကိုရှင်းလင်းပြောကြားသည်။
     ဆက်လက်၍ စီမံကိန်းတာဝန်ခံဝန်ထမ်းက စီမံ ကိန်းစက်ဝန်းကာလနှင့်အတိုးနှုန်း သတ်မှတ်ချက်များ၊ ချေးငွေထုတ်ချေးပေးရာတွင်လိုက်နာရမည့် စည်းကမ်းသတ်မှတ်ချက်များကို ရှင်းလင်းပြောကြားပြီးနောက် မြို့နယ်ဦးစီးမှူးက စီမံကိန်းရန်ပုံ ငွေကျပ် ၅၉ ဒသမ ၈၀ သန်းကို လွှဲပြောင်းပေး အပ်သည်။
     ထို့နောက် မြစိမ်းရောင်ကျေးရွာစီမံကိန်းလုပ် ငန်းအဖွဲ့ဝင်များက စည်သာကျေးရွာရှိ စိုက်ပျိုး ရေးလုပ်ငန်းလုပ်ကိုင်သူ ၂၂၉ ဦးကိုငွေကျပ် ၅၈ ဒသမ ၃၀ သန်း၊ မွေးမြူရေးလုပ်ငန်းလုပ်ကိုင်သူ ၅ ဦးကိုငွေကျပ် တစ်သန်း၊ အရောင်းအဝယ်လုပ် ငန်းလုပ်ကိုင်သူ တစ်ဦးကိုငွေကျပ် သုည ဒသမ ၅၀ သန်း၊ စုစုပေါင်းအသင်းသားအသင်းသူ ၂၃၅ ဦးကို မြစိမ်းရောင်ကျေးရွာစီမံကိန်းရန်ပုံငွေကျပ် ၅၉ ဒသမ ၈၀ သန်းကို အတိုးနှုန်းသက်သာစွာဖြင့်ထုတ်ချေးပေးခဲ့ကြောင်း နတ်မောက်မြို့နယ်ကျေး လက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးဝင်းနိုင်ဦးထံမှ သိရသည်။


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်