Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ်၌ အသင်းအမှုဆောင်များနှင့် အသင်းဝန်ထမ်းများအတွက် အခြေခံစာရင်းရေး၊ စာရင်းကိုင်သင်တန်းဖွင့်လှစ်


25 Jun,2026

လှိုင်းဘွဲ ဇွန် ၂၄

ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ်ရှိ သမဝါယမအသင်းများမှ အသင်းအမှုဆောင်နှင့် အသင်း ဝန်ထမ်းများအား သမဝါယမသဘောတရားများကို သိရှိနားလည်၍ လုပ်ငန်းများကျွမ်းကျင်စွာဆောင်ရွက် နိုင်စေရန် ရည်ရွယ်၍ အသင်းအမှုဆောင်နှင့် အသင်းဝန်ထမ်းများအတွက် အခြေခံစာရင်းရေး၊ စာရင်းကိုင်သင်တန်း ဖွင့်ပွဲအခမ်းအနားကို နံနက်ပိုင်းတွင်  လှိုင်းဘွဲမြို့နယ်၊ သာယာကုန်းကျေးရွာရှိ ဓမ္မာရုံ၌ ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ လှိုင်းဘွဲမြို့နယ်သမဝါယမဦစီးဌာန ၊ ဦးစီးအရာရှိ ဦးအောင်ကျော်တူးက သင်တန်းဖွင့် အမှာစကားပြောကြားခဲ့ရာ ယခုသင်တန်းတွင် အသင်း၏စာရင်းဇယားများကို စနစ်တကျ ရေးဆွဲနိုင်ရေးနှင့် အသင်းလုပ်ငန်းများ ပိုမိုထိရောက်မှန်ကန်စွာ စီမံခန့်ခွဲနိုင်စေရန် ရည်ရွယ်ဖွင့်လှစ်ရခြင်းဖြစ်ကြောင်း၊ သင်တန်းသားများအနေဖြင့် သင်ခန်းစာများကို စိတ်ပါဝင်စားစွာ လေ့လာမှတ်သားပြီး လက်တွေ့ လုပ်ငန်းခွင်တွင် အကျိုးရှိစွာ ပြန်လည်အသုံးပြုစေရန် လိုအပ်ကြောင်း တိုက်တွန်းပြောကြားခဲ့သည်။

 အဆိုပါသင်တန်းသို့ သာယာကုန်းကျေးရွာ၊ ကပ္ပလီကျေးရွာနှင့် ပတ်ဝန်းကျင်ကျေးရွာများရှိ သမဝါယမအသင်းများမှ အသင်းအမှုဆောင်များနှင့် အသင်းဝန်ထမ်းများ (၃၀)ဦးတက်ရောက်ကြပြီး သင်တန်းကာလမှာ (၂၃-၆-၂၀၂၆)ရက်နေ့မှ (၂၇-၆-၂၀၂၆၀)ရက်နေ့အထိ (၅)ရက်ကြာ စာတွေ့လက်တွေ့  သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်