Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

မောက်မယ်မြို့နယ်၌ မိုးစပါးစိုက်တောင်သူများအား သွင်းအားစုပံ့ပိုးပေးအပ်ပွဲ အခမ်းအနားကျင်းပ


25 Jun,2026

မောက်မယ် ဇွန် ၂၅

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်၌ နိုင်ငံတော်အစိုးရ၏ ရက်(၁၀၀) စီမံချက်အရ ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ် မိုးစပါးစိုက်တောင်သူများအား သွင်းအားစု ပံ့ပိုးပေးအပ်ပွဲ အခမ်းအနားကို မြို့နယ်သမဝါယမဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ မြို့နယ်စီမံခန့်ခွဲ‌ရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမင်းသက်နိုင်က အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်စီမံခန့်ခွဲ‌ရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ၊ အဖွဲ့ဝင်များနှင့် မြို့နယ်သမဝါယမဦးစီးဌာန ဦးစီးအရာရှိ ဒေါ်နန်းခင်မြင့်ထွေးတို့က မိုးစပါး စိုက်တောင်သူများထံသို့ သဘာဝမြေသြဇာအိတ် သွင်းအားစုများ အသီးသီးပေးအပ်ခဲ့ပြီး မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ တာဝန်ရှိသူများက မိုးစပါးစိုက်ပျိုးသော အခြေခံသမဝါယမအသင်း တောင်သူများအားရှမ်းပြည်နယ်သမဝါယမအသင်းစုချုပ်မှ ထုတ်လုပ်သော ဗေဒါသဘာဝမြေသြဇာ များ ပံ့ပိုးပေးအပ်ခြင်းနှင့်ပတ်သက်၍ သုံးစွဲပုံသုံးစွဲနည်း အဆင့်ဆင့်အား ရှင်းလင်းပြောကြား ခဲ့ကြောင်းသိရသည်။   

စိုင်းမျိုးသန့်(မောက်မယ်)

ရှမ်းပြည်နယ်


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်