သာယာဝတီ ဇွန် ၂၅
(၁၀၄) ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာသမဝါယမနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီမြို့နယ်၌ ၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ်တွင် သမဝါယမကဏ္ဍမှ ဆောင်ရွက်သော မိုးစပါးစိုက်ပျိုးသည့်အသင်းသားတောင်သူများသို့ မျိုး၊ သွင်းအားစုမြေဩဇာ ပေးအပ်ပွဲကို မြို့နယ်သမဝါယမဦးစီးဌာနရုံး၌ ကျင်းပရာ မြို့နယ်အုပ်ချုပ်ရေးမှူးကိုယ်စား သုံးဆယ်မြို့ အုပ်ချုပ်ရေးမှူး ဦးသိန်းဇော်ဖြိုးမင်းက အမှာစကားပြောကြားပြီး မြို့နယ်စိုက်ပျိုးရေးနှင့်မွေးမြူရေး ကြီးကြပ်မှုကော်မတီမှ တာဝန်ရှိသူများနှင့် သမဝါယမဦးစီးဌာန ဦးစီးအရာရှိ ဦးနေလင်းအောင်နှင့် အသင်းစုဥက္ကဋ္ဌတို့မှ အသင်းသားတောင်သူများအား မျိုး၊ သွင်းအားစုများပေးအပ်ခဲ့သည်။
သာယာဝတီမြို့နယ်၌ သမဝါယမကဏ္ဍမှ ၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ်တွင် နိုင်ငံတော် ထောက်ပံ့ငွေ (သက်တန့်ရောင်စီမံကိန်း)ဖြင့် အသင်း(၁)သင်း၊ အသင်းသား(၄၅)ဦး၊ ဧက(၂၂)ဧက နှင့် နိုင်ငံစီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် အသင်း(၅)သင်း၊ အသင်းသားဦးရေ(၂၁၅)ဦး၊ ဧက(၂၂၇၈) ဧက၊ စုစုပေါင်းဧက (၂၅၀၀)ဧက မိုးစပါးစိုက်ပျိုးဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
သန့်ဇော် (ပြန်/ဆက်)
ပဲခူးတိုင်းဒေသကြီး
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်