Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ညောင်လေးပင်မြို့နယ် ဇီးဖြူခင်ကျေးရွာ၌ ကျေး ရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများပြီးစီး


25 Jun,2026

ညောင်လေးပင်မြို့နယ် ဇီးဖြူခင်ကျေးရွာ၌ ကျေး ရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများပြီးစီး
=====================================
       သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီး ဌာန၊ ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ညောင်လေးပင်မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုး တက်ရေးဦးစီးဌာနမှ ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ် ရက် ၁၀၀ စီမံချက်ဖြင့် ဇီးဖြူခင်ကျေးရွာ၌ ကျေး ရွာတွင်းလမ်းဂဝံခင်းခြင်းလုပ်ငန်းများရာနှုန်း ပြည့်ဆောင်ရွက်ပြီးစီးနေမှုအခြေအနေများကို တာဝန်ရှိသူများမှ ယနေ့နံနက်ပိုင်းအချိန်က ကွင်း ဆင်းစစ်ဆေးကြကြောင်းသိရသည်။
     ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် ညောင်လေး ပင်မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦး စီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်မီမီအောင်နှင့်ဝန် ထမ်းများမှ ဇီးဖြူခင်ကျေးရွာ၌ ကျေးရွာတွင်းဂဝံလမ်းခင်းခြင်းလုပ်ငန်းရာနှုန်းပြည့်ဆောင်ရွက်ပြီး စီးနေမှုအခြေအနေများကို ကြည့်ရှု့စစ်ဆေးကြပြီး နောက် မြို့နယ်ဦးစီးမှူးက ကျေးရွာတာဝန်ရှိသူများ ကျေးရွာကော်မတီဝင်များကို ဆောင်ရွက်ပြီးဂဝံလမ်းရေရှည်အသုံးပြုနိုင်ရေးလိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့ကြောင်းသိရသည်။
      ဇီးဖြူခင်ကျေးရွာ၌ အရှည် ၆၇၃ ပေ၊ အကျယ် ၁၂ ပေ၊ အမြင့် ၆ လက်မရှိသော ကျေးရွာတွင်း လမ်းဂဝံခင်းခြင်းလုပ်ငန်းကို ကျေးရွာဖွံ့ဖြိုးတိုး တက်ရေးလုပ်ငန်းစီမံကိန်း(VDP)ထောက်ပံ့ရန်ပုံ ငွေကျပ် ၁၅ သန်း၊ ကျေးရွာပြည်သူလူထုထည့်ဝင် ငွေကျပ် ၃ ဒသမ ၁၀ သန်း၊ စုစုပေါင်းငွေကျပ် ၁၈ ဒသမ ၁၀ သန်း၊ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှဝန်ထမ်းများ၏ နည်းပညာကူညီမှု၊ ကြီးကြပ်မှုတို့ဖြင့် ကျေးရွာသူကျေး ရွာသားများကိုယ်တိုင် ဧပြီလ ၂၈ ရက်နေ့မှစတင်အကောင်ဖော်ဆောင်ရွက်ခဲ့ရာ ယခုအခါ ရာနှုန်း ပြည့်ဆောင်ရွက်ပြီးစီးနေပြီဖြစ်ကြောင်း၊ အဆိုပါလုပ်ငန်းများအားလုံးရာနှုန်းပြည့် ဆောင်ရွက်ပြီး စီးမှုကြောင့် ဇီးဖြူခင်ကျေးရွာရှိ အိမ်ခြေ ၂၇၁ အိမ်မှ လူဦးရေ ၉၂၁ ဦးတို့၏ သွားလာရေးလွယ် ကူနေပြီဖြစ်ကြောင်း ညောင်လေးပင်မြို့နယ်ကျေး လက်ဒေသဖွံ့ဖြိုးတိုးတက်‌ ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်မိမိ‌အောင်ထံမှ သိရသည်။


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်