ကလော ဇွန် ၂၄
ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောမြို့ မြို့လယ်ဓမ္မာရုံ၌ ရွှေကလောအထွေထွေရောင်းဝယ်ရေး သမဝါယမအသင်း(လီမီတက်)မှ ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ် နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာ အစည်းအဝေးကို ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ရွှေကလောအထွေထွေရောင်းဝယ်ရေးသမဝါယမအသင်း(လီမီတက်) သဘာပတိ ဦးမြဆောင်က အမှာစကားပြောကြားခဲ့သည်။ ဆက်လက်၍ မြို့နယ်သမဝါယမဦးစီးဌာန ဦးစီးအရာရှိ ဦးညီညီအောင်နှင့် မြို့နယ်သမဝါယမအသင်းစုဥက္ကဌ ဦးခင်ထွန်းတို့က သမဝါယမ အသင်း၏ ဥပဒေ၊ နည်းဥပဒေများအကြောင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် ရွှေကလောအထွေထွေရောင်း ဝယ်ရေးသမဝါယမအသင်းတာဝန်ရှိသူများကအသင်း၏၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်အတွက်အသင်းအမှုဆောင်အဖွဲ့ အစီရင်ခံစာ၊ စာရင်းစစ်အစီရင်ခံစာနှင့် နှစ်ချုပ် ဘဏ္ဍာရေးစာရင်းရှင်းတမ်းတို့ကို ဖတ်ကြားရှင်းလင်းတင်ပြခဲ့သည်။ ထို့နောက် သဘာပတိက အသင်း၏ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်အတွက် အသင်းအမှုဆောင်အဖွဲ့ နှစ်ချုပ်ဘဏ္ဍာရေးစာရင်း ရှင်းတမ်းတို့အပေါ် အသင်းသားများ၏ ဆန္ဒသဘောထားရယူ၍ အတည်ပြုကြေငြာပေးခဲ့ပြီး နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်