ဒိုက်ဦး ဇွန် ၂၆
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ဒိုက်ဦးမြို့နယ်သမဝါယမဦးစီးဌာနတွင် ၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ် သမဝါယမကဏ္ဍမှ ဆောင်ရွက်သော စီမံကိန်းသီးနှံ မိုးစပါးစိုက်ပျိုးသည့် အသင်းသားတောင်သူများသို့ မျိုး၊ သွင်းအားစုမြေသြဇာ ပေးအပ်ပွဲ အခမ်းအနားကို မြို့နယ် သမဝါယမဦးစီးဌာနရုံး၌ ကျင်းပခဲ့သည်။
အခမ်းအနားတွင် မြို့နယ်အုပ်ချုပ်ရေးမှူးကိုယ်စား ဦးအောင်မျိုးလွင်မှ အမှာစကား ပြောကြားပြီး သမဝါယမဦးစီးဌာန ဦးစီးအရာရှိမှ ၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ်တွင် အသင်း(၁၀)သင်း၊ အသင်းသား(၂၁၅)ဦးမှ မိုးစပါးစိုက်ဧက ၂၅၀၀ စိုက်ပျိုးဆောင်ရွက်သွားမည်ဖြစ်ပြီး စနစ်ကျသော စိုက်ပျိုးရေးဖြစ်စေရေးအတွက် မျိုးကောင်းမျိုးသန့်များ ရရှိပြီး အထွက်နှုန်း ကောင်းမွန်စေရန် မျိုး နှင့်သွင်းအားစုများ ပေးအပ်ရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။
အဆိုပါအခမ်းအနားသို့ မြို့နယ်စိုက်ပျိုးရေး၊ မွေးမြူရေးကြီးကြပ်မှု ကော်မတီအဖွဲ့ဝင်များ တက်ရောက်၍ အသင်းသားတောင်သူများအား မျိုးနှင့် သွင်းအားစုများ ပေးအပ်ခဲ့ကြောင်း သိရသည်။
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်