ကျောက်တံခါး ဇွန် ၂၆
(၁၀၄)နှစ်မြောက် အပြည်ပြည်ဆိုင်ရာသမဝါယမနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ပဲခူးတိုင်းဒေသကြီး၊ ကျောက်တံခါးမြို့နယ်တွင် သမဝါယမကဏ္ဍမှ ၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ်အတွက် မိုးစပါးစီမံကိန်းသီးနှံ စိုက်ပျိုးသည့် အသင်းသားတောင်သူများသို့ မျိုးနှင့် သွင်းအားစုမြေဩဇာ ပေးအပ်ပွဲ အခမ်းအနားကို မင်းတန်း စိုက်ပျိုးရေးနှင့်အထွေထွေသမဝါယမအသင်း၌ ကျင်းပခဲ့ရာ အခမ်းအနားတွင် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးအောင်ဝင်းက အမှာစကား ပြောကြားပြီး သမဝါယမဦးစီးဌာန ဦးစီးအရာရှိမှ ၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ်တွင် အသင်း(၆)သင်း၊ အသင်းသား(၂၀၀)ဦး၊ မိုးစပါးစိုက်ဧက ၁၅၀၀ စိုက်ပျိုးဆောင်ရွက်သွားမည်ဖြစ်ပြီး စနစ်ကျသော စိုက်ပျိုးရေးဖြစ်စေရေးအတွက် မျိုးကောင်းမျိုးသန့်များရရှိပြီး အထွက်နှုန်းကောင်းမွန်စေရန် မျိုးနှင့် သွင်းအားစုများ ပေးအပ်ရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။
အဆိုပါအခမ်းအနားသို့ မြို့နယ်အဆင့် စိုက်ပျိုးမွေးမြူရေးလုပ်ငန်း ကြီးကြပ်မှုကော်မတီ၊ သမဝါယမဦးစီးအရာရှိနှင့် မြို့နယ်သမဝါယမအသင်းစုဥက္ကဌတို့က မိုးစပါးစိုက်ဧက ၁၅၀၀ အတွက် မျိုးနှင့်သွင်းအားစုများကို အသင်းသားတောင်သူများအား ပေးအပ်ခဲ့ကြောင်း သိရသည်။
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်