Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ပန်းတောင်းမြို့နယ်၌ အပြည်ပြည်ဆိုင်ရာသမဝါယမနေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် မိုးစပါးစိုက်တောင်သူများအား မျိုးနှင့် သွင်းအားစုများပေးအပ်


26 Jun,2026

ပန်းတောင်း ဇွန် ၂၆

သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ပဲခူးတိုင်းဒေသကြီး၊ ပန်းတောင်းမြို့နယ် သမဝါယမဦးစီးဌာနတွင် ၂၀၂၆ ခုနှစ်၊ ဇူလိုင်လ  ၄ ရက်နေ့တွင် ကျရောက်မည့် ၁၀၄ ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာသမဝါယမနေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် “မိုးစပါး” စီမံကိန်းစိုက်ပျိုးသော သမဝါယမအသင်းသား တောင်သူများသို့ မျိုးနှင့် သွင်းအားစုများ ပေးအပ်ပွဲအခမ်းအနားကို ကျင်းပ ပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် ပန်းတောင်းမြို့နယ် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်သူရက အဖွင့်အမှာစကား ပြောကြားခဲ့ပြီး ပန်းတောင်းမြို့နယ် သမဝါယမဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်အိဖြူထွေးက မိုးစပါးစီမံကိန်းနှင့်စပ်လျဉ်း၍ ရှင်းလင်း ပြောကြားခဲ့သည်။

ဆက်လက်၍ တာဝန်ရှိသူများက ပန်းတောင်းမြို့နယ်အတွင်းရှိ မိုးစပါးစီမံကိန်း စိုက်ပျိုး ကြမည့် သမဝါယမအသင်းသားတောင်သူများထံသို့ မိုးစပါးမျိုးစေ့များနှင့် လိုအပ်သော စိုက်ပျိုးရေး သွင်းအားစုများကို လက်ဝယ်အရောက် အသီးသီးပေးအပ်ခဲ့ကြပြီး အခမ်းအနားကို အောင်မြင်စွာ ရုပ်သိမ်းခဲ့ကြောင်း သိရသည်။

အခမ်းအနားသို့ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်သူရ၊ မြို့နယ်သမဝါယမဦးစီးဌာန၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ မြို့နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန၊ မြို့နယ်စီမံကိန်းဦးစီးဌာန၊ မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနနှင့် မြို့နယ်မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမှ တာဝန်ရှိသူများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ၊ ဒေသခံတောင်သူအသင်းသားများ စုစုပေါင်း(၃၈)ဦး တက်ရောက်ခဲ့ကြကြောင်း သိရသည်။


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်