Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ကျွန်းစုမြို့နယ် ကမ်းကြီးကျေးရွာ၌ အခြေခံအပ်ချုပ်စက်သင်တန်းဆင်းပွဲ ကျင်းပပြုလုပ်


26 Jun,2026

ကျွန်းစုမြို့နယ် ကမ်းကြီးကျေးရွာ၌ အခြေခံအပ်ချုပ်စက်သင်တန်းဆင်းပွဲ ကျင်းပပြုလုပ်

‎************************************************************************

‎ကျွန်းစု         ဇွန်         ၂၅

‎‎တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ကျွန်းစုမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကျေးလက်နေအမျိုးသမီးငယ်များ အလုပ်အကိုင်အခွင့်အလမ်းရရှိစေရန်အတွက် ကမ်းကြီးကျေးရွာ၌ ဖွင့်လှစ်ခဲ့သည့် အသက်မွေးဝမ်းကျောင်းအထောက်အကူပြု အခြေခံအပ်ချုပ်စက်သင်တန်းဆင်းပွဲ အခမ်းအနားကို ဇွန် ၂၅ ရက်နေ့က အဆိုပါကျေးရွာစုပေါင်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

‎‎ရှေးဦးစွာ ကျွန်းစုမြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဌ ဦးအောင်စန်းဝင်းက အဖွင့်အမှာစကားပြောကြားပြီး ကျွန်းစုမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်နှင်းသန္တာက သင်တန်းဖွင့်လှစ်ပေးရခြင်း၏ ရည်ရွယ်ချက်၊ အကျိုးကျေးဇူးများနှင့် သင်တန်းဖွင့်လှစ်ခဲ့မှု အခြေအနေများကို ရှင်းလင်းပြောကြားသည်။

‎‎ထို့နောက် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဌနှင့် တာဝန်ရှိသူများက သင်တန်းသူများအား သင်တန်းဆင်းလက်မှတ်များ ပေးအပ်ချီးမြှင့်ပြီး စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးခဲ့ကြောင်း သိရသည်။

‎‎အဆိုပါသင်တန်းတွင် ကျွမ်းကျင်နည်းပြဆရာမများက စက်ချုပ်ခြင်းဆိုင်ရာ အခြေခံအတတ်ပညာများ ကို သင်ထောက်ကူပစ္စည်းစုံလင်စွာဖြင့် မေလ ၁၂ ရက်နေ့မှ ဇွန်လ ၂၅ ရက်နေ့အထိ သင်တန်းကာလ ၄၅ ရက်ကြာ စာတွေ့လက်တွေ့ အခမဲ့သင်ကြားပို့ခဲ့ခြင်းဖြစ်ပြီး ကျွန်းစုမြို့နယ်အတွင်းရှိ ကမ်းကြီးကျေးရွာ နှင့် ပတ်ဝန်းကျင်ကျေးရွာများမှ သင်တန်းသူ ၂၀ ဦး တက်ရောက်သင်ယူခဲ့ကြောင်း ကျွန်းစုမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်