Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

၂၀၂၆ -၂၀၂၇ ဘဏ္ဍာရေးနှစ်အတွက် ပြည်ကြီးတံခွန်မြို့နယ် သမဝါယမအသင်းများ၏ ဝင်ငွေ ကြေညာလွှာပေးအပ်ပွဲ အခမ်းအနားကျင်းပ


26 Jun,2026

မန္တလေး ဇွန် ၂၆

မန္တလေးမြို့၊ ပြည်ကြီးတံခွန်မြို့နယ်၊ ပြည်တွင်းအခွန်များ ဦးစီးဌာနသို့ ၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ်၊ မြို့နယ်သမဝါယမ အသင်းစုများ၏ ဝင်ငွေကြေညာလွှာပေးအပ်ပွဲအခမ်းအနားကို မြို့နယ်သမဝါယမဦးစီးဌာနရုံး၌ ကျင်းပခဲ့သည်။

ဦးစွာ ပြည်ကြီးတံခွန်မြို့နယ် အခွန်ဦးစီးဌာနမှူး လက်ထောက်ညွှန်ကြားရေးမှူးက အခွန်ဆိုင်ရာ သိကောင်းစရာများနှင့်  ဝင်ငွေခွန် ကြေညာလွှာအကြောင်းကို ရှင်းလင်းဆွေးနွေးပြီး မြို့နယ် သမဝါယမဦးစီးအရာရှိ၊ မြို့နယ်သမဝါယမအသင်းစုဥက္ကဋ္ဌနှင့်အသင်းစုများမှ ဥက္ကဋ္ဌ၊ အတွင်းရေးမှူး များနှင့် တာဝန်ရှိသူများက သိရှိလိုသည်များကို မေးမြန်းကြရာ မြို့နယ် အခွန်ဦးစီးဌာနမှူးက ပြန်လည်ဖြေကြား ရှင်းလင်းပြီး မြို့နယ်သမဝါယမအသင်းစု ၂၃ စုတို့က ဝင်ငွေ ကြေညာလွှာများကို ပေးအပ်ခဲ့ကြောင်း သိရသည်။

ဇင်မင်းမောင် (ခရိုင်၊ ပြန်/ဆက်)

မန္တလေးတိုင်းဒေသကြီး


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်