စစ်ကိုင်း၊ ဇွန် ၂၄
သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း) ၌ ၁၉၉၂ ခုနှစ်၊ သမဝါယမအသင်း ဥပဒေအရ ဖွဲ့စည်းထားသည့် ဂျီအီးစီ(ပညာရေး)ဝန်ထမ်းများ သမဝါယမအသင်းလီမိတက်နှင့် ငွေစုငွေချေးသမဝါယမအသင်းလီမိတက်တို့၏ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်အတွက် နှစ်ပတ်လည် အရပ်ရပ်ဆိုင်ရာအစည်းအဝေးကို (၂၅-၆-၂၀၂၆)ရက်နေ့တွင် အဆိုပါတက္ကသိုလ် ဘွဲနှင်းသဘင်ခန်းမ၌ ကျင်းပခဲ့ရာ အသင်းသား (၂၃၀)ဦး တက်ရောက်ခဲ့ကြသည်။
အစည်းအဝေးအစီအစဉ်များအရ ပထမဦးစွာ ပါမောက္ခချုပ်မှ အဖွင့်အမှာစကားပြောကြားခဲ့ပြီးနောက် အသင်းနှစ်ခု၏ အမှုဆောင်အဖွဲ့ လုပ်ငန်းအစီရင်ခံစာများ၊ နှစ်ချုပ် ဘဏ္ဍာရေးရှင်းတမ်းများနှင့် မြို့နယ်သမဝါယမဦးစီးဌာန စာရင်းစစ်အဖွဲ့၏ စစ်ဆေးတွေ့ရှိချက်များကို ဖတ်ကြားတင်ပြပြီး အတည်ပြုချက်ရယူခဲ့သည်။
ထို့နောက် ဒုတိယပိုင်းအစီအစဉ်အနေဖြင့် ငွေစုငွေချေး သမဝါယမအသင်းအတွက် ဥက္ကဌ၊ အမှုဆောင်ဒါရိုက်တာအဖွဲ့အသစ်များကို ရွေးချယ်တင်မြှောက်ခဲ့ပြီး ရွေးချယ်တင်မြှောက်ခံရသည့် အသင်းဥက္ကဋ္ဌနှင့် အမှုဆောင်အဖွဲ့ဝင်အသစ်(၁၂)ဦးတို့က သဘာပတိ ရှေ့မှောက်၌ ကတိသစ္စာပြုခဲ့ကြပါသည်။ တတိယပိုင်းအစီအစဉ်တွင် ငွေစုငွေချေးအသင်းဥက္ကဋ္ဌက မိတ်ဆက်အမှာစကားပြောကြားခဲ့ပြီး အမှုဆောင်တစ်ဦးမှ အသင်း၏ စည်းမျဉ်းစည်းကမ်းများကို ရှင်းလင်းပြောကြားခဲ့ကာ အသင်းအဖွဲ့ဝင်များ အားလုံးမှ မှတ်တမ်းတင် ဓာတ်ပုံများ ရိုက်ကူးခဲ့ပြီး အခမ်းအနားကို အောင်မြင်စွာ ပြီးမြောက်ခဲ့ကြောင်း သိရသည်။
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်