Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ဇီးကုန်းမြို့နယ် သစ်မျှောကြီးကျေးရွာ၌ မြေနီ ကျောက်စရစ်ခင်းခြင်းလုပ်ငန်းအားချပြရှင်းလင်း


29 Jun,2026

ဇီးကုန်းမြို့နယ် သစ်မျှောကြီးကျေးရွာ၌ မြေနီ ကျောက်စရစ်ခင်းခြင်းလုပ်ငန်းအားချပြရှင်းလင်း
=====================================
ဇီးကုန်း၊ ဇွန်-၂၉
 
   သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊  ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ဇီးကုန်းမြို့ နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မှ ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်တွင် သစ်မျှောကြီး ကျေးရွာ၌ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံ ကိန်း(VDP)ထောက်ပံ့ငွေနှင့် ကျေးရွာပြည်သူလူထု ထည့်ဝင်ငွေများဖြင့် ကျေးရွာတွင်းလမ်းမြေနီ ကျောက်စရစ်ခင်းခြင်းလုပ်ငန်းဆောင်ရွက်ပြီးစီး၍ ကျေးရွာသို့ချပြရှင်းလင်းခြင်းကို ယနေ့နံနက်ပိုင်းအချိန်က အဆိုပါကျေးရွာ၌ ကျင်းပပြုလုပ်ကြောင်းသိရသည်။
      ရှေးဦးစွာ ဇီးကုန်းမြို့နယ်ကျေးလက်ဒေသဖွံ့ ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးပြည့်ဖြိုးအောင်က သစ်မျှောကြီးကျေးရွာ၌ ကျေး ရွာတွင်းလမ်းမြေနီကျောက်စရစ်ခင်းလုပ်ငန်းအ တွက် ကုန်ကျခဲ့သည့်အသုံးစရိတ်များ၊ သတ်မှတ် စံချိန်စံညွှန်းများနှင့်အညီ အချိန်မီပြီးစီးအောင်လုပ်ဆောင်ပေးခဲ့မှုအခြေအနေများ၊ အဆိုပါလုပ် ငန်းများအချိန်မီပြီးစီးမှုကြောင့် ကျေးရွာသူကျေး ရွာသားများ၏ သွားလာရေးအတွက် အဆင်ပြေ စွာ သွားလာနိုင်သည့်အခြေအနေများကိုချပြရှင်း လင်းပြောကြားသည်။
     ထို့နောက် ကျေးရွာလုပ်ငန်းအကောင်အထည် ဖော်ရေးကော်မတီဝင်များမှ လုပ်ငန်းလွှဲပြောင်းမှတ်တမ်းအား ကျေးရွာလုပ်ငန်းထိန်းသိမ်းရေးကော်မတီဝင်များထံသို့ လွှဲပြောင်းပေးအပ်သည်။
     ဇီးကုန်းမြို့နယ် သစ်မျှောကြီးကျေးရွာ၌အရှည် ၁၈၀၀ ပေ၊ အကျယ် ၁၂ ပေ၊ အမြင့် ၈ လက်မရှိသော ကျေးရွာတွင်းလမ်းမြေနီကျောက်စရစ်ခင်းခြင်းလုပ်ငန်းကို ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ် ငန်းစီမံကိန်း(VDP)ထောက်ပံ့ငွေကျပ် ၁၅ သန်း၊ ကျေးရွာပြည်သူလူထုထည့်ဝင်‌ငွေကျပ် ၂ ဒသမ ၃၀ သန်း၊ စုစု‌ပေါင်းငွေကျပ် ၁၇ ဒသမ ၃၀ သန်းဖြင့် မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၏ နည်းပညာကူညီမှုဖြင့် ကျေးရွာသူကျေးရွာသားများကိုယ်တိုင် မေလ ၇ ရက်နေ့မှစတင်ကောင်အထည်ဖော်ဆောင်ရွက်ခဲ့ရာ ယခုအခါ ရာနှုန်းပြည့်ဆောင်ရွက်ပြီးစီးနေပြီဖြစ်ကြောင်း ဇီးကုန်းမြို့နယ်ကျေးလက်ဒေသဖွံ့ ဖြိုးတိုးတက်ရေးဦးစီးဌာ နမှ မြို့နယ်ဦးစီးမှူး ဦးပြည့်ဖြိုးအောင်ထံမှသိရသည်။


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်